Pages

Monday, February 25, 2019

မြန်မာနိုင်ငံ၌ လာမည့်နှစ် မှစ၍ ကင်းထောက်ငယ်များ မွေးထုတ်နိုင်ရန် စီစဉ်

မြန်မာနိုင်ငံ၌ လာမည့်နှစ် မှစ၍ ကင်းထောက်ငယ်များ မွေးထုတ်နိုင်ရန် စီစဉ်
-
ရန်ကုန် ဖေဖော်ဝါရီ ၂၄ 
-
လက်ရှိတွင် မြန်မာနိုင်ငံ၌ ကင်းထောက်ဦးရေ နှစ်သောင်းငါးထောင်ခန့် ရှိသော်လည်း အသက်ခြောက်နှစ်မှ ၁ဝ နှစ်အရွယ် ကင်းထောက်ငယ် အနည်းငယ်သာရှိသေးကြောင်း၊ အသက် ၁၁ နှစ်မှ ၁၇ နှစ်အထိကင်းထောက်နှင့် အသက် ၁၇ နှစ်အထက် တက္ကသိုလ်အဆင့် ကင်းထောက်များသာရှိသည့်အတွက် လာမည့်နှစ် မှစ၍ ကင်းထောက်ငယ်များ မွေးထုတ်နိုင်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံကင်းထောက်အဖွဲ့ဥက္ကဋ္ဌ အမျိုးသား ကင်းထောက်ချုပ် ဒေါက်တာတင်ညိုထံမှသိရသည်။ 
-
''ဆရာတို့က ကင်းထောက်ကို ကျောင်းအခြေပြုထားတယ်။ ကင်းထောက်အဖွဲ့တွေက တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ မြို့နယ်တိုင်းမှာ ရှိတယ်။ တချို့ကျောင်းတွေမှာကျန်နေသေးတယ်။ ဒါကြောင့်တိုးချဲ့ဖွဲ့တဲ့ထဲမှာ ဆက်လက် ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။ အသက်ခြောက်နှစ်ကနေ ၁ဝ နှစ်အထိ ကင်းထောက်ငယ် (Cub Scout)၊ ၁၁ နှစ်ကနေ ၁၇ နှစ်အထိ ကင်းထောက်နဲ့ ၁၈ နှစ်အထက်ကင်းထောက်ဆိုပြီး အဆင့်သုံးဆင့် ရှိတယ်။ ဒါကြောင့် ကင်းထောက်အဖွဲ့က မူလတန်းအဆင့်ကစလို့ရတယ်။ အလယ်တန်း၊ အထက်တန်းအဆင့် ကင်းထောက်တွေလည်း ရှိတယ်။ တက္ကသိုလ် ရောက်တဲ့အခါမှာRover ကင်းထောက်တွေကို လေ့ကျင့်နေပါတယ်'' ဟု ဒေါက်တာ တင်ညိုက ပြောသည်။ 
-
လက်ရှိတွင် ကင်းထောက်ငယ်ကို ပြည်တွင်း၌ နိုင်ငံခြားမှ လာရောက်သင်တန်းပေးသည့် Brainworks - Total School Yangonတွင် ကလေးပေါင်း ၈၇ ဦးကို ကင်းထောက်ငယ်များအဖြစ် မွေးထုတ်ပေးလျက် ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံသည်ကမ္ဘာ့ကင်းထောက်အဖွဲ့ဝင်နိုင်ငံ၌ (၁၆၄)နိုင်ငံမြောက်အဖြစ် ၂ဝ၁၆ ခုနှစ်မှ စတင်ဖြစ်တည်လာသည့်အတွက်ကမ္ဘာ့ကင်းထောက် အဖွဲ့နှင့် ညှိနှိုင်းပြီးလုပ်ဆောင်ရမည့်လုပ်ငန်းများစွာ ရှိနေသေးကြောင်းသိရသည်။ 
-
ဆုလာဘ်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment