Pages

Tuesday, February 5, 2019

နမ့်စန်မြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ

နမ့်စန်မြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၎
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်း တရားမဝင် မှောင်ခိုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြောင်း သတင်းအရ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ကဖေဖော်ဝါရီ ၁ ရက် ည ၇ နာရီခန့်တွင် ထင်းရှူးမြိုင်ကျေးရွာ အနီး၌ မော်တော်ယာဉ်များအား စစ်ဆေးစဉ် လွိုင်ယဲကျေးရွာဘက်မှ   ခွန်ရွှေအေး(ဘ) ဦးခွန်ထွန်းဦး မောင်းနှင်လာသော ပါဂျဲရိုး ယာဉ်အမျိုးအစားယာဉ်အမှတ်၊ 7I/----- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ တရုတ်နိုင်ငံလုပ်စက်လတ်သေနတ် တစ်လက်၊ ကျည်အိမ်အဝိုင်း တစ်ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
-
ဖမ်းဆီးရမိသူ၏ ပြောပြချက်အရ အမှတ်(၂)ကျေးရွာ၊ နမ့်စန်မြို့တွင်နေ စိုင်းဘမောင်၏ နေအိမ်မှ  ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊၎င်းအိမ်တွင် လက်နက်၊ ခဲယမ်းများ ကျန်ရှိနေသေးကြောင်းသိရှိရသဖြင့်ပူးပေါင်းအဖွဲ့က စိုင်းဘမောင် ၏ နေအိမ်အား သွားရောက်ရှာဖွေရာ စိုင်းဘမောင်အား မတွေ့ရှိရဘဲ ၎င်း၏ဇနီးဖြစ်သူ ဒေါ်နန်းလှနှင့်အတူ နေအိမ်အိပ်ခန်းအတွင်းမှ စက်လတ်နှစ်လက်၊ လက်နက်ငယ် မျိုးစုံ ၂၃လက်၊ ကျည်အိမ်မျိုးစုံ ၁၈၈ ခု၊ ကျည်မျိုးစုံ ၆၁၄၂ တောင့်၊ ၄ဝ မမဗုံးသီး ၃၄ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါလက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူများ၊မော်တော်ယာဉ်နှင့်လက်နက်၊ ခဲယမ်းများအား နမ့်စန်မြို့မရဲစခန်းသို့စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်းနှင့် ယင်းလက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်သူ စိုင်းဘမောင်အား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment