Pages

Tuesday, January 29, 2019

ယောချောင်း တံတားသစ် (ကံတွင်း)ကို သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိ

ယောချောင်း တံတားသစ် (ကံတွင်း)ကို သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိ
-
ဆိပ်ဖြူ ဇန်နဝါရီ ၂၈ 
-
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် အရှေ့ကံတွင်းကျေးရွာ၌ ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက် ရေးအဖွဲ့(၂) တံတားအထူးအဖွဲ့(၅) ဆိပ်ဖြူ ဦးစီးသောဆိပ်ဖြူ-ပခုက္ကူကားလမ်း ယော ချောင်း တံတားသစ် (ကံတွင်း)ကို ၂ဝ၁၉ ခုနှစ် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
-
အဆိုပါယောချောင်းတံတားသစ်ကို သံကူ ကွန်ကရစ် ကပ်ခုံနှစ်ခုပါ ရေလယ်တိုင်ရှစ်တိုင်၊ ကိုယ်ထည်ရက်မ 100 PC Girder ကိုးခန်း၊ သံကူကွန်ကရစ်ကြမ်းခင်းကိုးခန်းနှင့် Steel Pipe လက်ရန်းအမျိုးအစားဖြင့် တည်ဆောက် ထားပြီး တံတား အရှည်ပေ ၉ဝဝ၊ တံတား အကျယ်ပေ ၃ဝ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ နှစ်လမ်းမောင်း၊ လူသွား လမ်းတစ်ဖက်လျှင် ၃ ပေ လူသွားလမ်းနှစ်ဖက်ပါရှိပြီး ခွင့်ပြုတန်ချိန် ကုန်နှင့်ယာဉ် တန် ၆ဝ ဖြစ်သည်။ 
-
ယောချောင်းတံတားသစ် (ကံတွင်း)ကို ၂ဝ၁၇ ခုနှစ် ဇွန် ၅ ရက်မှစတင်၍ နိုင်ငံတော်၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ခွင့်ပြု ရန်ပုံငွေ ကျပ်သန်းတစ်သောင်း၊ အသေးစားဘတ်ဂျက် ငွေကျပ်သန်း ၃ဝဝ၊ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ငွေကျပ်သန်း ၁၄ဝဝ တို့ဖြင့် ဆောင်ရွက် လျက်ရှိသည်။ လက်ရှိတွင် တံတားတိုင် အမှတ် (A-1) မှ (P-4) အထိ ရက်မတင်ပြီး (A-1) မှ (P-2) အထိ တံတားကြမ်းခင်း လောင်းဆောင်ရွက် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ 
-
စိုးလင်းနိုင်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment