Pages

Wednesday, January 30, 2019

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့ နတ်မောက်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့ နတ်မောက်မြို့နယ် အတွင်းရှိ ကျေးရွာများမှ  ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၂၉ 
-
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ  ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့မှ ဆေးကုသ ရေးအဖွဲ့သည် ယနေ့တွင်  ထန်းပင်ကုန်းကြီးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ အခြေပြု၍ နယ်လှည့်ဆေးအဖွဲ့(၁)သည် ဆီဆုံကုန်းကျေးရွာရှိဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း၊ နယ်လှည့် ဆေးအဖွဲ့(၂)သည်ပန်းတော့ကျင်းကျေးရွာ၌ လည်းကောင်း ဒေသခံပြည်သူ စုစုပေါင်း ၁၃၆၄ ဦးတို့ကို  ကျန်းမာ ရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၃၃၆ ဦး၊ ခွဲစိတ်ရောဂါ ၁၄ဝဦး၊ ကလေးရောဂါ ၁၂၃ ဦး၊ သားဖွား/မီးယပ် ရောဂါ ၇၃ ဦး၊ အရိုးရောဂါ ၈၅ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၇၅ ဦး၊ မျက်စိ ရောဂါ ၂၆ဝ ဦး၊ သွားရောဂါ ၁၃၈ ဦးနှင့် အထွေထွေရောဂါ  ၁၃၄  ဦးတို့ကို  လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးပြီး ၎င်းတို့အနက်  မျက်စိခွဲစိတ် လူနာ၂ဝဦး၊ သွားနုတ်သွားဖာ လူနာ ၆၁ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၅ ဦးတို့ ကို ရွေ့လျားခွဲ စိတ်ကုသ ယာဉ်များဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁၂ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ  ၅၂  ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၃ ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၇၆ ဦးတို့ကို ရွေ့လျားဓာတ် မှန်ရိုက်ယာဉ်၊  ရွေ့လျားဓာတ်ခွဲယာဉ်တို့ဖြင့် ရောဂါ ရှာ ဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဒေသခံ ပြည်သူများအား သွေးတိုးရောဂါနှင့် ဆီးချို၊ သွေးချိုရောဂါများ အကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment