Pages

▼

Wednesday, January 30, 2019

နယ်စပ်ဒေသ အသီးသီးမှ တိုင်းရင်းသား လူငယ်မောင်မယ်များ နေပြည်တော်ရှိ အထင်ကရ နေရာများသို့ လေ့လာ

နယ်စပ်ဒေသ အသီးသီးမှ တိုင်းရင်းသား လူငယ်မောင်မယ်များ နေပြည်တော်ရှိ အထင်ကရ နေရာများသို့ လေ့လာ
-
နေပြည်တော်  ဇန်နဝါရီ  ၂၉ 
-
နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ  တာဝန်ရှိ သူများ လိုက်ပါလျက်  နယ်စပ်ဒေသ အသီးသီးမှ လူငယ်မောင်မယ် ၁၅ဝ ဦးပါဝင်သော လေ့လာရေးအဖွဲ့သည်  ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင် ကရ နေရာများစွာထဲမှ တစ်ခုဖြစ်သော မဟာသကျရံသီ ဘုရား ကြီးသို့  သွားရောက် ဖူးမြော်ကြသည်။ 
-
အဆိုပါ လေ့လာရေး အဖွဲ့ကို ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ဘုရားကြီး၏ သမိုင်းကြောင်းများကို လိုက်လံ ရှင်းလင်း ပြသပြီး လေ့လာရေး အဖွဲ့က အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။
-
မဟာသကျရံသီဘုရားကြီးမှတစ်ဆင့် လေ့လာရေးအဖွဲ့ဝင်များသည် သူရဲကောင်းဗိမာန် (နေပြည်တော်)သို့  သွားရောက်၍ လေ့လာကြရာ သူရဲကောင်း ဗိမာန် (နေပြည်တော်)အတွင်း ကြည့်ရှု လေ့လာကြပြီး နိုင်ငံတော် အတွက်အသက်ပေးလှူသွားကြသော သူရဲကောင်း စစ်သည် များအား လွမ်းသူ့ ပန်းခွေ ချဦးညွှတ် အလေးပြုကြသည်။
-

-
ယင်းနောက် အမှတ်တရ ဓာတ်ပုံရိုက် ကူးခြင်း၊ ယင်းဗိမာန်ဝင်း အတွင်းရှိ ရေပန်းများနှင့် ဥယျာဉ်အား လိုက်လံ ကြည့်ရှု လေ့လာကြသည်။ ဆက်လက်၍ တပ်မတော်စစ်သမိုင်း ပြတိုက်သို့ ထွက်ခွာကြပြီး၎င်းပြတိုက်၌ ခင်းကျင်း ပြသထားသော တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြခန်းများနှင့် ပြင်ပပြကွက် များအား လိုက်လံကြည့်ရှု လေ့လာကြရာ တပ်မတော် စစ်သမိုင်းပြတိုက်မှ တာဝန်ရှိသူများက လေ့လာရေး အဖွဲ့၏ သိရှိလိုသည့် အကြောင်းအရာ များကို ပြန်လည်ရှင်းလင်း ပြောကြားသည်။ 
-
အဆိုပါ နယ်စပ်ဒေသ အသီးသီးမှ လူငယ် မောင်မယ်များသည် ဇန်နဝါရီ ၂၈ ရက်မှ ၃၁ရက်အထိ နေပြည်တော်နှင့် အနီးတစ်ဝိုက်ရှိ အထင်ကရ နေရာများသို့ ဆက်လက်လေ့လာ ကြမည်ဖြစ်ကြောင်းသိရသည်။ 
-
အောင်လင်းဦး
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment