Pages

Tuesday, January 29, 2019

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၂၈ 
-
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသောတပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ဆေးကုသရေး အဖွဲ့သည် ယနေ့တွင် ထန်းပင်ကုန်းကြီးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ အခြေပြု၍  နယ်လှည့် ဆေးအဖွဲ့(၁)သည် အိုင်မကြီး ကျေးရွာရှိ ကျေးရွာအားကစားကွင်း၌ လည်းကောင်း၊ နယ်လှည့်ဆေးအဖွဲ့(၂)သည် ဖက်တော ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း ဒေသခံပြည်သူ စုစုပေါင်း ၁၃၁၁ ဦး တို့ကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၃၅၈ ဦး၊ ခွဲစိတ်ရောဂါ ၁၂၅ ဦး၊  ကလေးရောဂါ  ၁ဝ၄ ဦး၊  သားဖွား/မီးယပ် ရောဂါ ၅၉ ဦး၊ အရိုးရောဂါ ၁ဝ၁ ဦး၊ နား//နှာခေါင်း/ လည်ချောင်းရောဂါ ၄၁ ဦး၊ မျက်စိရောဂါ ၃ဝ၂ ဦးနှင့် သွားရောဂါ ၁၂၄ ဦးနှင့် အထွေထွေရောဂါ ၉၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မျက်စိခွဲစိတ်လူနာ ၁၃ ဦး၊ သွားနုတ်သွားဖာ လူနာ ၆၃ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၅ ဦးတို့ကို ရွေ့လျားခွဲစိတ် ကုသ ယာဉ်များဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ 
-
-
ထို့ပြင် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက် လူနာ ၆၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၁၆ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၇ ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက် ယာဉ်၊ ရွေ့လျား ဓာတ်ခွဲယာဉ်တို့ဖြင့် ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးပြီး   ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့် ဒေသခံပြည်သူနှစ်ဦးကို  မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment