Pages

Tuesday, January 29, 2019

ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံ၌ အဋ္ဌမအကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသ

ပြင်ဦးလွင်မြို့ တပ်မတော်ဆေးရုံ၌ အဋ္ဌမအကြိမ်မြောက် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသ
-
နေပြည်တော်  ဇန်နဝါရီ  ၂၈ 
-
ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ အဋ္ဌမအကြိမ်မြောက်ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို ဇန်နဝါရီ ၂၅ ရက်နှင့် ၂၇ ရက်တို့တွင် အဆိုပါဆေးရုံ၌ ခွဲစိတ်ကုသပေးခဲ့ရာ ဇန်နဝါရီ ၂၅ ရက်တွင် ကျောက်ကပ် အစားထိုးလူနာ တစ်ဦးအား လည်းကောင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် ကျောက်ကပ်အစားထိုး လူနာနှစ်ဦးအား လည်းကောင်း အောင်မြင်စွာ ခွဲစိတ် ကုသပေးနိုင်ခဲ့သည်။ 
-
ယခင်က ကျောက်ကပ်လှူဒါန်းသူများ အား ဝမ်းဗိုက်ကိုခွဲစိတ်၍ ကျောက်ကပ်ထုတ် ယူခဲ့ရာမှ ယခုအခါ ဝမ်းဗိုက်တွင်အပေါက်ငယ်များဖောက်၍မှန်ပြောင်းဖြင့်ခွဲစိတ်ကုသခြင်း(Laparoscopic Donor Nephrectomy) ဖြင့် ခွဲစိတ်ကုသပေးနိုင်ခဲ့သည်။ ထို့ကြောင့် ကျောက်ကပ် လှူဒါန်းသူများမှာ နာကျင်မှု သက်သာပြီး ပိုမိုမြန်ဆန်စွာ  နာလန်ထနိုင်ကြောင်းသိရှိရသည်။ 
-
-
တပ်မတော်ဆေးရုံများတွင် ကျောက်ကပ် အစားထိုးခွဲစိတ်ကုသခြင်းကို ၁၉၉၅ ခုနှစ်မှ စတင်၍ ခွဲစိတ်ကုသပေးခဲ့ရာ ယခုအခါ ကျောက်ကပ်ပျက်စီးသည့် လူနာ ၂၄၇ ဦးကို အောင်မြင်စွာ ကျောက်ကပ် အစားထိုးခွဲစိတ် ကုသပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment