Pages

Thursday, January 31, 2019

မောင်တောမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား မရသေးသည့် ကြိမ်ချောင်း ကျေးရွာအပါ ကျေးရွာ ၁၇ ရွာကို လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်

မောင်တောမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား မရသေးသည့် ကြိမ်ချောင်း ကျေးရွာအပါ ကျေးရွာ ၁၇ ရွာကို လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်
-
မောင်တော ဇန်နဝါရီ ၃ဝ 
-
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှ လျှပ်စစ်ဓာတ်အား မရသေးသည့် ကြိမ်ချောင်းကျေးရွာအပါအဝင်  ကျေးရွာ၁၇ ရွာကို လျှပ်စစ်ဓာတ်အား ၂၄ နာရီ ရရှိစေရန် ယခုနှစ်လယ်ပိုင်းအတွင်း ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 
-
လက်ရှိတွင် မောင်တောမြို့ လျှပ်စစ်ဓာတ်အားခွဲစက်ရုံသည်ရသေ့တောင်-ဘူးသီးတောင်-မောင်တောတို့ကို ဆက်သွယ်သည့် လျှပ်စစ်ဓာတ်အားလိုင်းဖြစ်ပြီး မောင်တောမြို့ပေါ် ရပ်ကွက်များနှင့် မောင်တောမြို့မှ ၁ဝ မိုင်ပတ်လည်ရှိ ကျေးရွာပေါင်း ၁၅ ရွာကို၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က စတင်ပြီး လျှပ်စစ်ဓာတ်အား ၂၄ နာရီ ဖြန့်ဖြူးပေးသည်။ ယခုအခါတွင် လျှပ်စစ်ဓာတ်အား ရရှိရန်ကျန်ရှိနေသည့် မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာနှင့် ကြိမ်ချောင်းမှ ၄၂ မိုင်အတွင်း ကျေးရွာ ၁၆ ရွာကို လျှပ်စစ်မီးရရှိရေးအတွက် ၂ဝ၁၈-၂ဝ၁၉ ခုနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည့်အပြင် လျှပ်စစ်ဓာတ်အားကိုလည်း မောင်တောမှတစ်ဆင့် ကြိမ်ချောင်းသို့ သယ်ယူမည်ဖြစ်သည်။ 
-
ကြိမ်ချောင်းကျေးရွာ အပါအဝင် စုစုပေါင်း ကျေးရွာ ၁၇ ရွာကို လျှပ်စစ်ဓတ်အား ဖြန့်ဖြူးပေးနိုင်ရန် အတွက် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာတွင် ဓာတ်အားခွဲစက်ရုံ တည်ဆောက်လျက်ရှိသည့်အပြင် လျှပ်စစ်ဓာတ်အား သယ်ယူမည့် လမ်းတစ်လျှောက်တာဝါတိုင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ထိုလုပ်ငန်းများ ပြီးစီးပါက အိမ်ထောင်စု ၂၈၂၇ စု လူဦးရေ ၂၂ဝဝဝ ကျော်အတွက် လျှပ်စစ်ဓာတ်အား ၂၄ နာရီ သုံးစွဲနိုင် မည်ဖြစ်သည်။ 
-
ယင်းကဲ့သို့ လျှပ်စစ်ဓာတ်အား မရသေးသည့် ကြိမ်ချောင်းကျေးရွာ အပါအဝင် ကျေးရွာ ၁၇ ရွာကို လျှပ်စစ်ဓာတ်အား ၂၄ နာရီရရှိရေး အတွက် ဆောင်ရွက်ရာတွင် ကုန်ကျမှုများကို ဂျပန်နိုင်ငံမှ ချေးငွေဖြင့် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment