Pages

Thursday, January 24, 2019

ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာနေ ရွာသူရွာသားများ ပြန်လည် အခြေချ နေထိုင်နိုင်ရေးအတွက် သန့်ရှင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်

ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာနေ ရွာသူရွာသားများ ပြန်လည် အခြေချ နေထိုင်နိုင်ရေးအတွက် သန့်ရှင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၂၃ 
-
ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာအုပ်စု၊ နန်ဆန်ယန် ကျေးရွာရှိတိုက်ပွဲရှောင် ပြည်သူများ၎င်းတို့၏ နေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက်နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်သား များက ယနေ့တွင် ကျေးရွာအတွင်း၌ လိုအပ်သည်များအား ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာ အတွင်းရှိ နေအိမ်များ၊ စာသင်ကျောင်းများ၊ သာသနာရေးဆိုင်ရာ အဆောက်အအုံများနှင့် ပတ်ဝန်းကျင်တစ်ဝိုက်အား ဒေသခံ ပြည်သူများ ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ရေတွင်း၊ ရေကန်များတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေး ဆောင်ရွက်ပေးခြင်းနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ အား ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီသတင်းစာ

No comments:

Post a Comment