Pages

Thursday, January 24, 2019

မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာရှိ မဟာဝိဟာရကျောင်းတိုက်မှ သံဃာတော်များ၊ ရှင်သာမဏေများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာရှိ မဟာဝိဟာရကျောင်းတိုက်မှ သံဃာတော်များ၊ ရှင်သာမဏေများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဇန်နဝါရီ  ၂၃ 
-
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာရှိ မဟာဝိဟာရကျောင်းတိုက်မှ သံဃာတော်များနှင့် ရှင်သာမဏေများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆို ပါကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁၁၄ ပါးနှင့် ရှင်သာမဏေ ၇၄၄ ပါးတို့ကို အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ 
-
ထို့ပြင် ခြင်အန္တရာယ် ကင်းဝေးစေရန် ကျောင်းဝင်းအတွင်း ခြင်ခိုအောင်းနိုင်သော နေရာများ၌ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment