Pages

Wednesday, January 2, 2019

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာ များမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု)တို့  ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာ များမှ ဒေသခံပြည်သူများအား  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဇန်နဝါရီ ၁ 
-
ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးရန် ရောက်ရှိနေသည့်   တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့များ ပါဝင်သောတပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု) တို့သည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မ မြို့ နယ်၊ မရမ်းချောင်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၆၅၉ ဦးအား အဆိုပါ ကျေးရွာရှိ  ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဆေးကုသမှု ဆိုင်ရာ ရောဂါ ၁၈၆ဦး၊ ခွဲစိတ်ရောဂါ ၄၃ဦး၊ သားဖွား / မီးယပ် ရောဂါ ၂၉ ဦး၊ ကလေး ရောဂါ ၆၆ ဦး၊ အရိုးရောဂါ ၆၂ ဦး၊ နား/နှာခေါင်း/လည်ချောင်း ရောဂါ ၃၃ ဦး၊ မျက်စိ ရောဂါ ၁၇၃ ဦးနှင့်  သွားရောဂါ ၆၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိ ခွဲစိတ်လူနာ ၁၁ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၃ဝ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက် လူနာ  ၁ဝ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၃၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၂ဦးနှင့် ဓာတ်ခွဲ စမ်းသပ်လူနာ ၆၁ ဦးတို့ကို  ရောဂါရှာဖွေ စမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ 
-
ထို့ပြင် ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သော လူနာ သုံးဦးအား ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment