Pages

Tuesday, January 15, 2019

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းဆင်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းဆင်း
-
ပြင်ဦးလွင် ဇန်နဝါရီ ၁၄ 
-
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၉၃) ရဲသူရတပ်ခွဲ သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင် မြို့နယ်ရဲအရာရှိ လေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။ ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူပြီး သင်တန်းဆင်းတပ်ခွဲအား စစ်ဆေးသည်။ 
-
ထို့နောက် ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုပြီး ရဲချုပ်က အကောင်းဆုံး ကျောင်းသားဆုရ ကျောင်းသားအမှတ်(၁၁ဝ) ဒုတိယရဲအုပ်လောင်း ဖြိုးဝေလ၊ လေ့ကျင့်ရေးထူးချွန်ဆုရ ကျောင်းသားအမှတ်(၂ဝ၇) ဒုတိယရဲအုပ်လောင်း အောင် မြတ်ကိုကို၊ ကွန်ပျူတာဘာသာရပ် ထူးချွန်ဆုရ ကျောင်းသားအမှတ်(၁၇၇) ဒုတိယရဲအုပ်လောင်းသန်းနိုင်ဦး(၁)၊ အင်္ဂလိပ်ဘာသာရပ် ထူးချွန်ဆုရ ကျောင်းသားအမှတ်(၂၄၆)ဒုတိယ ရဲအုပ်လောင်းတင်လေးနွယ်၊ ဥပဒေဘာသာရပ်ထူးချွန်ဆုရ ကျောင်းသားအမှတ်(၃၁၅) ဒုတိယရဲအုပ်လောင်း သိမ့်အိမွန်တို့အား ဆုများပေးအပ်သည်။ 
-
ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်က အမှာစကား ပြောကြားသည်။ သင်တန်းဆင်းပွဲသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၂)၊ ဗဟိုမီးသတ် သင်တန်းကျောင်းမှ ခေတ္တကျောင်းအုပ်ကြီး၊ သင်တန်းဆင်းအရာရှိ လောင်းများ၏ မိဘများ တက်ရောက်ကြပြီး သင်တန်းဆင်းအရာရှိ အမျိုးသား ၂ဝ၈ ဦး၊ အမျိုးသမီး ၁၁၃ ဦးအား သင်တန်းဆင်းပေးခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment