Pages

Wednesday, January 2, 2019

မန်းရွှေစက်တော် ဘုရားဖူး ပြည်သူများ ဆင်စီး၍ သဘာဝရှုခင်းများ လည်ပတ်ကြည့်ရှုနိုင်မည်

-
မင်းဘူး ဇန်နဝါရီ ၁ 
-
မြန်မာနိုင်ငံရှိ အရှည်ကြာဆုံး ပွဲတော်များတွင် တစ်ပွဲ အပါအဝင်ဖြစ်သည့် မကွေးတိုင်းဒေသကြီး   မင်းဘူးမြို့နယ် အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို  နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ ကျင်းပလျက်ရှိရာ ယခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော်ကာလအတွင်း၌ ဘုရားဖူးလာပြည်သူများ ဆင်စီး၍   သဘာဝရှုခင်းများ လည်ပတ်ကြည့်ရှုနိုင်စေရန် ဘုရားပွဲတော်ကာလအမီ ဆင်စခန်းဖွင့်လှစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ''ကျွန်တော်တို့ အနေနဲ့ ဆင်စခန်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့စီစဉ်မှုနဲ့  ၂ဝ၁၉ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော် ကာလ   ဖေဖော်ဝါရီ ၁၃ ရက်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။  ကနဦး ခန့်မှန်းကုန်ကျငွေ ကျပ် ၃ဝ၄၄၇၂ဝဝ ခန့်သုံးစွဲ ထားပါတယ်။  
-
လက်ရှိမှာ ဆင်အကောင်ရေ ရှစ်ကောင်နဲ့ နောက်ထပ် ဆင်အကောင်ရေ ခုနစ်ကောင် စုစုပေါင်း ၁၅ ကောင်ရှိပါတယ်။ ဆင်စီးချိန်ကိုတော့    နံနက် ၈ နာရီမှ ၁၁ နာရီအထိသတ်မှတ်ထားပါတယ်။   ဆင်စီးခ အဖြစ် တစ်ဦးကို ငွေကျပ် ၅ဝဝဝ သတ်မှတ်ထားပါတယ်''ဟု  ဆင်စခန်းတာဝန်ခံ  ဦးလှသန်းက ပြောသည်။ အဆို ပါဆင်စခန်းဖွင့်လှစ်ရန် ဧက ၆ဝ၊ ကြိုးဝိုင်းပြင်ဆင်ကာကွယ်တော ဧက ၅ဝ  စုစုပေါင်းဧက ၁၁ဝနှင့် ဆင်စား ကျက်မြေ ဧက ၇ဝဝ တို့ကို လုပ်ထုံးလုပ်နည်း နှင့်အညီဆောင်ရွက်သွားမည်ဖြစ်သည်။ ဆင်စခန်းသည်  မန်းရွှေ စက်တော် ဘုရားပွဲတော်သို့သွားသည့်  ၈ မိုင်ကားလမ်းဘေး မန်းရွှေစက်တော်ဘုရားနှင့် ၃မိုင်ခန့်အကွာတွင်တည်ရှိပြီး ဘုရားဖူးပြည်သူများ လွယ်လင့်တကူ သွားရောက်နိုင်မည့်နေရာ တစ်ခုဖြစ်ကြောင်း သိရသည်။
-
မျိုးမြတ် (မင်းဘူး)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment