Pages

Tuesday, January 15, 2019

တိုင်းဒေသ ကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက် အမျိုးသား ပထမအဆင့် အုပ်စုပတ်လည် ဘောလုံးပြိုင်ပွဲ ဆက်လက် ကျင်းပ

တိုင်းဒေသ ကြီးနှင့် ပြည်နယ် အသက် ၂၁ နှစ်အောက်  အမျိုးသား ပထမအဆင့် အုပ်စုပတ်လည် ဘောလုံးပြိုင်ပွဲ ဆက်လက် ကျင်းပ
-
နေပြည်တော်  ဇန်နဝါရီ  ၁၄
-
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန  အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍  တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်၂၁ နှစ်အောက် အမျိုးသားပထမအဆင့် အုပ်စုပတ်လည် ဘောလုံး ပြိုင်ပွဲကို  ယနေ့နံနက် ၇နာရီခွဲ တွင် နေပြည်တော် ကောင်စီ နယ်မြေ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်းရှိ ဘောလုံး အားကစားကွင်းများ၌အသီးသီးဆက်လက် ယှဉ်ပြိုင်ကစားကြသည်။
-
ယနေ့နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘောလုံး လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ ကချင်ပြည်နယ် အသင်းနှင့် စစ်ကိုင်း တိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကြရာ  ကချင်ပြည်နယ်အသင်းကစစ်ကိုင်းတိုင်း ဒေသကြီး အသင်းကို ၂ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ညနေ ၃နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဘောလုံး လေ့ကျင့် ရေးကွင်း အမှတ်(၁)၌ ဧရာဝတီတိုင်း ဒေသကြီးအသင်းနှင့်ကယားပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကြရာ ဧရာဝတီ တိုင်း ဒေသကြီး အသင်းက  ကယားပြည်နယ် အသင်းကို ၄ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဘောလုံးလေ့ကျင့်ရေးကွင်းအမှတ် (၃)၌ ရှမ်းပြည်နယ် အသင်းနှင့် ရခိုင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကြရာ ရှမ်းပြည်နယ် အသင်းက ရခိုင်ပြည်နယ် အသင်းကို  ၃ဂိုး ဂိုးမရှိဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိသည်။
-
ဇန်နဝါရီ ၁၅ရက်(ယနေ့)တွင်  အုပ်စုပြိုင်ပွဲများအဖြစ် နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဘောလုံး လေ့ကျင့်ရေး ကွင်း အမှတ်(၃)၌ မကွေးတိုင်း ဒေသကြီး အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီး အသင်းတို့က လည်း ကောင်း၊ ညနေ ၃နာရီတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဘောလုံး လေ့ကျင့်ရေးကွင်း အမှတ်(၁)၌   ကရင်ပြည်နယ် အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ကလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ဘောလုံးလေ့ကျင့်ရေးကွင်း အမှတ်(၃)၌ နေပြည်တော်အသင်းနှင့် ပဲခူးတိုင်းဒေသကြီး အသင်းတို့ ကလည်း ကောင်း အသီးသီး ဆက်လက် ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း သိရသည်။
-
ကျော်လွင်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment