Pages

Thursday, January 3, 2019

လက်ပစ်ဗုံးဟောင်း တစ်လုံး ပေါက်ကွဲရာမှ ဒေသခံ တိုင်းရင်းသား ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိ

-
နေပြည်တော် ဇန်နဝါရီ ၂ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ပန်ဝိုးလျန်ကျေးရွာနေ မောင်အိုက်စင်သည် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် ညနေ ၄ နာရီခန့်တွင်  ၎င်း၏တောင်ယာတဲအနီး၌ တွေ့ရှိသော လက်ပစ်ဗုံး အဟောင်းတစ်လုံးအားသံတုံးဟု ထင်မှတ်၍ ကောက်ယူလွှင့်ပစ်ရာမှ   မြေပြင်ရှိ ကျောက်တုံးဖြင့် ထိမှန်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါ  မိုင်းစထိမှန် လူနာအား လားရှိုးပြည်သူ့ဆေးရုံ၌ တက်ရောက် ဆေးကုသမှုခံယူလျက် ရှိကြောင်း သတင်း ရရှိသည်။             
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment