Pages

Wednesday, December 5, 2018

SSA (ရွက်စစ်)အဖွဲ့မှ ထောင်ထားသော နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ၍ ဒေသခံ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

SSA (ရွက်စစ်)အဖွဲ့မှ ထောင်ထားသော နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ၍ ဒေသခံ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
-
နေပြည်တော်  ဒီဇင်ဘာ  ၎
-
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ် နားမွန်းကျေးရွာအုပ်စု ဝမ်ကျောင်းကျေးရွာနေ ခွန်ဖုံး(ဘ)ဦးလောင်ခမ်းသည် ဒီဇင်ဘာ ၂ ရက် နံနက် ၄ နာရီခန့်တွင် နောင်လေ ကျေးရွာသို့   ဈေးဝယ်ရန် သွားရောက်စဉ် ဝမ်ကျောင်းကျေး ရွာ၏ အနောက်မြောက်ဘက် မီတာ ၅ဝဝဝ ခန့်အကွာသို့ အရောက်၌ SSA (ရွက်စစ်)အဖွဲ့မှ ထောင်ထားသော နင်းမိုင်း တစ်လုံးအား  နင်းမိပေါက်ကွဲ၍  ၎င်းတွင်  မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး နမ့်စန်မြို့ရှိ   တပ်မတော်ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူစေလျက်ရှိသည်။
-
-
အဆိုပါ မိုင်းထိလူနာအား နယ်မြေခံတပ် မှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment