Pages

Wednesday, December 5, 2018

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ပြုလုပ်

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ပြုလုပ်
-
နေပြည်တော်  ဒီဇင်ဘာ  ၎
-
ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ် တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို  ဒီဇင်ဘာ ၃ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး  ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်   ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့်အတူ ပထမနေ့ပွဲစဉ် ဖြစ်သည့် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့  မြိတ်ခရိုင် အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။
-
အဆိုပါဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၃ ရက်မှ ၁ဝ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြိတ်ခရိုင်အသင်း၊ မြိတ်တပ်နယ်အသင်း၊ မြိတ်မြို့နယ် လက်ရွေးစင်အသင်းနှင့် Myeik FCအသင်း စုစုပေါင်းအသင်း ငါးသင်းတို့   ဝင်ရောက် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment