Pages

Wednesday, December 26, 2018

MSMES LOGO ပြိုင်ပွဲအတွက် စိတ်ပါဝင်စားသူများ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်

-
ရန်ကုန် ဒီဇင်ဘာ ၂၅ 
-
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ၏ ဦးဆောင်မှုဖြင့် MSMEs ထုတ်ကုန်များတွင် တရားဝင်အသုံးပြုမည့် အသိ အမှတ်ပြု အမှတ်တံဆိပ် (Logo) ရွေးချယ်မည့်ပြိုင်ပွဲကို ရန်ကုန်မြို့ အမှတ်(၃၅) ကျိုက်ဝိုင်း ဘုရား လမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ SME Center ၌ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 
-
အဆိုပါပြိုင်ပွဲကို စိတ်ပါဝင်စားသူ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး လျှောက်လွှာများကို ဒီဇင်ဘာ ၂၆ ရက်မှစ၍ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်အထိ နောက်ဆုံးထားပေးပို့ ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။
-
ဝင်ရောက် ယှဉ်ပြိုင်မည့်သူများအနေဖြင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် MSMEs လုပ်ငန်းများ အရေးပါမှု၊ အရေးကြီးမှု သရုပ်သကန်များ ပါဝင်ခြင်း၊ မိမိကိုယ်တိုင် အသစ် တီထွင်ဖန်တီး ပုံဖော်ထားသောဒီဇိုင်းဖြစ်ခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများတွင် အသုံးပြု လျက်ရှိသော Logo များကဲ့သို့ နိုင်ငံတကာအဆင့်မီခြင်း၊ အရောင်အသွေး ညီညွတ်မှုရှိခြင်း နှင့် ဆွဲဆောင်မှုရှိခြင်း၊ ပြိုင်ပွဲဝင် Logo ဒီဇိုင်းတွင်အသုံးပြုထားသော အရောင်၊ သင်္ကေတ၊ ရုပ်ပုံ၊ အမှတ်အသား အားလုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြည့်စုံစွာ ရှင်းလင်း မိတ်ဆက်နိုင်ခြင်းတို့ ပါဝင်ရမည် ဖြစ်ကြောင်း သိရသည်။ 
-
ယင်းပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်လိုသူများသည် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဝင် ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်တစ်ဦးလျှင် Logo ပုံစံ အများဆုံး နှစ်မျိုးအထိပေးပို့နိုင်ကာ JPEG / PNG Format စသည်တို့ဖြင့် ပေးပို့ရမည်ဖြစ်သည်။ ဆုရွေးချယ်ခံရသည့် အကောင်းဆုံး Logo အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီက ငွေကျပ် ၁၅ သိန်းဆုချီးမြှင့် မည်ဖြစ်ကြောင်း သိရသည်။ 
-
အသေးစိတ်အချက်အလက်များကို MSMEs Logo ပြိုင်ပွဲကျင်းပရေး ဘုတ်အဖွဲ့ရုံး အမှတ် (၄၁) ဇေယျဌာနီလမ်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန စက်မှုဝန်ကြီးဌာန နေပြည် တော် ဖုန်း-ဝ၆၇-၃၄ဝ၈၁၂၈၊ ဝ၆၇-၃၄ဝ၈ဝ၆၅၊ ဖက်စ်-ဝ၆၇ - ၃၄ဝ၈၁၂၈  smeagencymm @gmail.com၊ disi@e.industry.gov. mm သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
-
kaykay
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment