Pages

Thursday, December 27, 2018

ကော့သောင်းမြို့နယ်၊ လိုဏ်ဂူကျွန်းအနီးရှိ စက်လှေတစ်စင်းပေါ်မှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကော့သောင်းမြို့နယ်၊ လိုဏ်ဂူကျွန်းအနီးရှိ စက်လှေတစ်စင်းပေါ်မှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
-
နေပြည်တော်  ဒီဇင်ဘာ ၂၆ 
-
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၃ နာရီခန့်တွင် လိုဏ်ဂူကျွန်း၏ အရှေ့မြောက်ဘက် ရေမိုင်၂ ဒသမ ၅ မိုင်ခန့် အကွာနေရာ၌ အလျား ၄၉ ပေ ၆ လက်မ၊ အနံ ၈ ပေ ၄ လက်မ၊ ရေစူး ၁ ပေ ၆ လက်မခန့်ရှိ သစ်သားကိုယ်ထည် စက်လှေတစ်စင်းအား မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးရာ ကျွန်းဖီလာကျေးရွာနေ ပြည့်ပြည့်(ဘ)ဦးမောင်နှင့် သီရိမြိုင်ရပ်ကွက်နေ ကျော်လင်းထူး(ဘ) ဦးချစ်အေးတို့ နှစ်ဦးကို WYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၇ ပြား၊ ဘိန်းစာမှုန့်သုံးထုပ်  (စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ်ကိုးသိန်းခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ကော့သောင်းမြို့နယ် ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                         
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment