Pages

Thursday, December 27, 2018

ပုသိမ်မြို့၊ ကန်သုံးဆင့် သရက်ပင်မောင်နှမ၊ ကမ္မဌာနိကဗောဓိ ကျောင်းမှ သာသနာ့အနွယ်ဝင် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်


ပုသိမ်မြို့၊ ကန်သုံးဆင့် သရက်ပင်မောင်နှမ၊ ကမ္မဌာနိကဗောဓိ ကျောင်းမှ သာသနာ့အနွယ်ဝင် သီလရှင်ဆရာကြီး၊ ဆရာလေးများအား  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဒီဇင်ဘာ ၂၆ 
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်သုံးဆင့်သရက်ပင်မောင်နှမ၊ ကမ္မဌာနိကဗောဓိ ကျောင်းမှ သာသနာ့အနွယ်ဝင် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ယနေ့နံနက်ပိုင်းတွင်အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ကမ္မဌာနိကဗောဓိကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သာသနာ့အနွယ်ဝင် သီလရှင်ဆရာကြီး၊ ဆရာလေး ၃၃ ပါးအား မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းနှင့် ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ 
-
ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းဦးနှင့် အဖွဲ့ဝင်များကလိုက်လံ ကြည့်ရှုအားပေးပြီး ဆရာကြီး၊ဆရာလေးများအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ   

No comments:

Post a Comment