Pages

Tuesday, December 4, 2018

ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်
-
နေပြည်တော်  ဒီဇင်ဘာ  ၃ 
-
ရန်ကုန်တိုင်း စစ်ဌာနချုပ်၏၂ဝ၁၈ ခုနှစ် တိုင်းမှူးဒိုင်း(အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကိုယနေ့နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့်  အရာရှိ၊  စစ်သည်၊မိသားစုများ၊ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားအသင်းများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးက တက်ရောက်လာကြသူများနှင့်အတူ    ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲ ပွဲစဉ်များ  ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် ဆုပေးပွဲကို  ဆက်လက်ပြုလုပ်ရာ အသင်းလိုက် ဆုရရှိသူများ၊ တစ်ဦး ချင်းဆု ရရှိသူများနှင့် ဒိုင်းဆုရရှိသော ရန်ကုန်တပ်နယ် ကိုယ်စားပြု (အမျိုးသား/အမျိုးသမီး) ဘော်လီဘောအသင်း တို့အား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ကြသည်။
-
အဆိုပါဘော်လီဘောပြိုင်ပွဲကို နိုဝင်ဘာ ၂၃ ရက်မှ ယနေ့အထိ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အမျိုးသား အသင်း ၁၉ သင်းနှင့် အမျိုးသမီးအသင်း ၁၄ သင်းတို့ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment