Pages

Tuesday, December 4, 2018

ဖရူဆိုမြို့နယ် ဟိုယာကျေးရွာရှိ အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ဖရူဆိုမြို့နယ် ဟိုယာကျေးရွာရှိ အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်   ဒီဇင်ဘာ   ၃ 
-
ကယားပြည်နယ် ဖရူဆိုမြို့နယ် ဟိုယာကျေးရွာရှိ အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ယနေ့နေ့လယ်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များက အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) ဆက်ဆံရေး ရုံးခန်းမ၌တွေ့ဆုံသည်။
-
တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကား ပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ တပ်ဖွဲ့ဝင်များအတွက် စားသောက် ဖွယ်ရာများ ပေးအပ်သည်။
-
ထို့ပြင် ဟိုယာကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူ၂၆၈ ဦးတို့ကို အဆိုပါကျေးရွာ စာကြည့်တိုက်၌ တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ သွေးတိုးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးရာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးပြီး  ဒေသခံ တိုင်းရင်းသားပြည်သူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
-
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဟိုယာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲရှိ ဆရာ၊ ဆရာမများနှင့် ဟိုယာနှစ်ခြင်း ခရစ်ယာန် ကက်သလစ် ဘုရားကျောင်းမှ ဘော်ဒါဆောင်နေ ကျောင်းသား၊ ကျောင်းသူများအား သွားရောက်တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment