Pages

Wednesday, December 12, 2018

ဂမ်ဘီယာနိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စဂျိန်းနာဘာ ဂျက်စ်နေးအား ခန့်အပ်ရန် သဘောတူ

-
နေပြည်တော်   ဒီဇင်ဘာ  ၁၂ 
-
နယူးဒေလီမြို့အခြေစိုက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာ ကုန်လွှဲအပ်ခြင်းခံရသော ဂမ်ဘီယာနိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စဂျိန်းနာဘာ ဂျက်စ်နေးအား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက သဘောတူညီပြီး ဖြစ်ပါသည်။ 
-
မစ္စဂျိန်းနာဘာ ဂျက်စ်နေးသည် ၂ဝဝ၅ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်အထိ လန်ဒန်မြို့ မစ်ဒယ်လ် ဆက်စ်တက္ကသိုလ်တွင် ကထိကအဖြစ် လည်းကောင်း၊ ၂ဝဝ၇ ခုနှစ်တွင် လန်ဒန်မြို့ရှိ ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ ရဒ်အိုင်ကုမ္ပဏီတွင် အလုပ်အမှုဆောင်အဖြစ် လည်းကောင်း၊ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၇ ခုနှစ်အထိ ဂမ်ဘီယာနိုင်ငံအဆင့်မြင့်ပညာရေး၊ သုတေသန၊ သိပ္ပံ နှင့်နည်းပညာဆိုင်ရာ ဝန်ကြီးဌာနတွင် သုတေသနဆိုင်ရာ ညွှန်ကြားရေးမှူးအဖြစ် လည်း ကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂ဝ၁၇ ခုနှစ်မှ ယနေ့အထိ အိန္ဒိယနိုင်ငံဆိုင်ရာ ဂမ်ဘီယာ သံအမတ်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိပါသည်။        
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment