Pages

Tuesday, December 4, 2018

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ မြန်မာ့လက်ရွေးစင် အားကစားသမားများအတွက် အလှူငွေ ပေးအပ်လှူဒါန်း

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ မြန်မာ့လက်ရွေးစင် အားကစားသမားများအတွက် အလှူငွေ ပေးအပ်လှူဒါန်း
-
နေပြည်တော်  ဒီဇင်ဘာ  ၃ 
-
(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင် အားကစားသမားများ အောင်မြင်မှု ရရှိနိုင်ရေးအတွက်  အလှူငွေပေးအပ် လှူဒါန်းပွဲကို  ယနေ့ညနေ ၃ နာရီတွင်  ပညာရေးဝန်ကြီးဌာန   အစည်းအဝေးခန်းမ၌ ကျင်းပသည်။
-
အခမ်းအနားတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသော အလှူငွေ ကျပ်သိန်း ၁ဝဝ နှင့် အင်အားပြည့်ကြက်ဥ ၃၂ဝ၆ လုံးတို့ကို နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က ပေးအပ်လှူဒါန်းရာ (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ  ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ   ဂုဏ်ပြု မှတ်တမ်းလွှာကို ပြန်လည် ပေးအပ်ခဲ့သည်။
-
အဆိုပါ (၁၉)ကြိမ်မြောက် အရှေ့တောင် အာရှတက္ကသိုလ်များ  အားကစားပြိုင်ပွဲကို နေပြည်တော်၌ ဒီဇင်ဘာ ၁ဝ ရက်မှ ၁၉ ရက်အထိ   ၁ဝ  ရက်ကြာ ကျင်းပမည်ဖြစ်ပြီး အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း  ၁၁  နိုင်ငံမှ   အားကစားသမား ၂ဝဝဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ အားကစားနည်း ၁၇ နည်းကို ပြိုင်ပွဲပေါင်း ၂ဝ၁ မျိုး ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment