-
ရန်ကုန် ဒီဇင်ဘာ ၂၇
-
ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ဈေးမြင့်တက်ခဲ့သဖြင့် ကုန်ကျစရိတ်များ မြင့်တက်လာကာ ဆောက်လုပ်ရေး လုပ်ငန်းတချို့ ရပ်နားထားခြင်းကြောင့် တခြားလုပ်ငန်း များကဲ့သို့ လုပ်သားရှားပါးမှုနှင့် တွေ့ကြုံရခြင်း မရှိကြောင်း iMyanmar House.com မန်နေးဂျင်း ဒါရိုက်တာ ဦးနေမင်းသူထံမှ သိရသည်။
-
ထို့ပြင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများကို ပြည်ပနိုင်ငံတို့မှ ဝယ်ယူနေရာ အမေရိကန်ဒေါ်လာဈေး မြင့်တက်လာခြင်းကြောင့် လုပ်ငန်းတချို့ ရပ်ဆိုင်းခဲ့ရသည်။ ထို့ကြောင့် ရပ်ဆိုင်းလိုက်ရသည့် လုပ်ငန်းခွင်များမှ လုပ်သားများသည် ဆက်လက် လည်ပတ်နေသော လုပ်ငန်းခွင်များသို့ သွားရောက်လုပ်ကိုင်သဖြင့် လုပ်သားရှားပါးမှုနှင့် မတွေ့ကြုံခြင်းဖြစ်သည်။
-
ထို့ပြင် စင်ကာပူနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် အင်ဂျင်နီယာအပါအဝင် ဆောက်လုပ်ရေး ကျွမ်းကျင်လုပ်သားများလည်း ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာသဖြင့် လုပ်သားရှားပါးမှု နည်းပါးလာကြောင်း သိရသည်။
-
ယခင် ဆောက်လုပ်ရေးလုပ်ငန်းများ ဈေးကွက်ကောင်းမွန်ချိန်က လုပ်သားရှားပါးသဖြင့် လုပ်သားရရှိရန် ဈေးနှုန်းအပြိုင်အဆိုင် တိုးမြှင့်ပေးခဲ့ရသည်။ မြန်မာနိုင်ငံ၏ လုပ်သား ၈ဝ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးကဏ္ဍတွင်သာ လုပ်ကိုင်လျက်ရှိပြီး ပြည်ပနိုင်ငံတို့သို့ ရွှေ့ပြောင်းလုပ်ကိုင်ကြခြင်းနှင့် ကျေးလက်မှ မြို့ပြသို့ ရွှေ့ပြောင်းသည့် အချိုးများလာသဖြင့် လုပ်သားဈေးကွက်ပါ ပြောင်းလာခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment