Pages

Thursday, December 13, 2018

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရသို့ ဂျပန်နိုင်ငံ အစိုးရမှ အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာနှစ်ခု လက်မှတ်ရေးထိုး လဲလှယ်ပွဲ ကျင်းပ

-
နေပြည်တော်  ဒီဇင်ဘာ  ၁၂ 
-
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသို့ ဂျပန်နိုင်ငံအစိုးရမှ အကူအညီ ပေးရေးဆိုင်ရာ စာချွန်လွှာနှစ်ခု လက်မှတ် ရေးထိုးလဲလှယ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ရုံးအမှတ်(၁) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝင်း ခန့်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Ichiro Mar-uyama နှင့် ဂျပန်သံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 
-
အခမ်းအနားတွင် ဂျပန်-မြန်မာ သက်မွေးပညာ သင်တန်းကျောင်း(အောင်ဆန်း) တည်ထောင်ရေး စီမံချက်အတွက် ဂျပန်ယန်း ၁၆၅ သန်း၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှု စီမံချက်အတွက် ဂျပန်ယန်းသန်း ၈ဝဝ အကူအညီပေးရေး ဆိုင်ရာ စာချွန်လွှာများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ဂျပန်နိုင်ငံ အစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Ichiro Maruya-ma တို့က  လက်မှတ်ရေးထိုး လဲလှယ်ကြသည်။ 
-
အဆိုပါစာချွန်လွှာများ လက်မှတ်ရေးထိုး လဲလှယ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ နည်းပညာ၊ သက်မွေးပညာ ကဏ္ဍနှင့် ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတို့အတွက် အထောက်အကူဖြစ်စေပြီး မြန်မာ-ဂျပန်နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုပိုမို တိုးတက်လာစေမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ 
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment