
-
ကျိုင်းတုံ ဒီဇင်ဘာ ၁၂
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ခရိုင်ပြည်သူ့ အားကစားကွင်း၌ ယမန်နေ့ ညနေပိုင်းက ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဖလားမြို့နယ်အလိုက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်း အနား ကျင်းပသည်။ ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ကျိုင်းတုံမြို့နယ် ဘောလုံးအသင်းနှင့် မိုင်းယန်းမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျိုင်းတုံမြို့နယ် ဘောလုံးအသင်းက သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
-
ဆက်လက်၍ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးက ပြိုင်ပွဲတစ်လျှောက် ကူညီဆောင်ရွက် ပေးကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက် ဆောင်များ ပေးအပ်သည်။ ထို့နောက် တာဝန်ရှိသူများက ဒုတိယဆုနှင့် အကောင်းဆုံး အားကစားဆုများကို ပေးအပ်ပြီး ခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူးက ပထမဆုရ ကျိုင်းတုံမြို့နယ် ဘောလုံးအသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကို ပေးအပ်သည်။
-
အခမ်းအနားသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ အားကစား ဝါသနာရှင်များ တက် ရောက်ကြကြောင်း သိရသည်။
-
(၄၁၁)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment