Pages

Thursday, December 13, 2018

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အသက် ၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ငွေများပေးအပ်

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အသက် ၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ငွေများပေးအပ်
-
ဒီးမော့ဆို ဒီဇင်ဘာ ၁၂ 
-
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အို အဘိုးအဘွားများအား လူမှုရေးပင်စင် ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် မြို့နယ် အုပ်ချုပ်ရေးမှူးက သက်ကြီးရွယ်အို အဘိုးအဘွားများအား လူမှုရေး ပင်စင်ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ 
-
ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပင်စင်ငွေများ ပေးအပ်ရာ မြို့ပေါ်ရပ်ကွက်ရှိ သက်ကြီး ရွယ်အို အဘိုးအဘွားများက လက်ခံရယူကြပြီး ကျေးရွာများရှိ သက်ကြီးရွယ်အို အဘိုးအဘွား များအတွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူ၍ သက်ကြီးရွယ်အို ဘိုးဘွားများ ထံသို့ အိမ်တိုင် ရာရောက် ပြန်လည်ပေးအပ် မည်ဖြစ်သည်။ 
-
အဆိုပါ ပင်စင်ငွေများ ပေးအပ်ရာတွင် ဒီးမော့ဆိုမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ များမှ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ရွယ်အို အဘိုးအဘွား ၁၆၄ ဦးအတွက် တစ်ဦးလျှင် လစဉ် ငွေကျပ် ၁ဝဝဝဝ နှုန်းဖြင့် သုံးလစာအတွက် စုစုပေါင်းငွေကျပ် ၄၉၂ဝဝဝဝ သန်းကို လူမှုရေး ပင်စင်ငွေအဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည်။  
-
ကြီးဒဲရယ်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment