
-
ရန်ကုန် ဒီဇင်ဘာ ၁၁
-
Myanmar Insurance Association မှ ကြီးမှူးကျင်းပသော Driving Insurance Awareness & Accessibility in Myanmar အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားတွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာ့အာမခံ အသင်း ဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦးတို့က အဖွင့်အမှာ စကားပြောကြားသည်။ ''အာမခံလုပ်ငန်းကို ပိုပြီးတိုးချဲ့နိုင်အောင် လုပ်ဆောင်တာကနေ အာရှမှာ ၉ဝ ရာခိုင်နှုန်းရှိတဲ့ အာမခံလုပ်ငန်းတွေ ထိုးဖောက်ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံနိုင်ပါတယ်။
-
တခြားအာမခံလုပ်ငန်းတွေက မြန်မာနိုင်ငံကို ဝင်ရောက်လာပြီး ဆိုရှယ်မီဒီယာ အသုံးပြုမှုများလာတဲ့ အတွက် အာမခံလုပ်ငန်းတွေမှာ ပိုအောင်မြင်လာမယ်လို့ ထင်ပါတယ်။ ၂ဝ၁၆ ခုနှစ်တုန်းက အာမခံလုပ်ငန်းကို စိတ်ဝင်စားသူ ၄၂ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိပါတယ်''ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ကပြောသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက အာမခံလုပ်ငန်းနှင့် ပတ်သက်သည့် သိလိုသမျှကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကာ ပြည်တွင်းပြည်ပ ပညာရှင်များက အာမခံလုပ်ငန်း အကြောင်းအရာ များကို ဆွေးနွေးခဲ့ကြသည်။
-
ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက အာမခံလုပ်ငန်းနှင့် ပတ်သက်သည့် သိလိုသမျှကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကာ ပြည်တွင်းပြည်ပ ပညာရှင်များက အာမခံလုပ်ငန်း အကြောင်းအရာ များကို ဆွေးနွေးခဲ့ကြသည်။ ''မြန်မာနိုင်ငံမှာ အာမခံလုပ်ငန်း အောင်မြင်လာပြီး အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်လာပါပြီ။ နိုင်ငံတကာရဲ့ အကောင်းဆုံး အလေ့အထတွေက ဘယ်လိုရှိလဲ၊ စားသုံးသူတွေကို ဘယ်လိုချိတ်ဆက်ပေးမလဲ၊ နိုင်ငံတကာအဆင့်ကို ဘယ်လိုရောက်အောင် သွားမလဲဆိုတာ ဒီနေ့အခမ်းအနားမှာ ပြောပြပေးမှာပါ။ အာမခံလုပ်ငန်းရဲ့ တိုးတက် ကောင်းမွန်မှုကို အထောက်အပံ့ကောင်းတွေ ဖြစ်စေမှာပါ'' ဟု ဒေါက်တာစန္ဒာဦး ကပြောသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment