
-
နေပြည်တော် နိုဝင်ဘာ ၁၈
-
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းပန်မြို့နယ် ပန်ပိကျေးရွာနေ ခွန်ကျော်ကို(ဘ) ဦးခွန်လော သည် တောင်ယာသို့ သွားရောက်စဉ် ယနေ့ နံနက် ၇ နာရီခန့်တွင် ကျေးရွာ၏အနောက် တောင်ဘက် မီတာ ၁ဝဝ ခန့်အကွာ ကျေးရွာအထွက်၌ SSA (ရွက်ဆစ်)အဖွဲ့က ထောင် ထားသည့် ဒေသန္တရလုပ် လက်လုပ်နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲသဖြင့် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ မိုင်းပန်မြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည်။
-
အဆိုပါ မိုင်းထိလူနာအား နယ်မြေခံတပ်မှ တပ်မတော် အရာရှိကြီးများက သွားရောက် ကြည့်ရှုအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment