Pages

Monday, November 19, 2018

အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ၍ ဒေသခံပြည်သူတစ်ဦး ထိခိုက် ဒဏ်ရာရရှိ

အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ၍ ဒေသခံပြည်သူတစ်ဦး ထိခိုက် ဒဏ်ရာရရှိ
-
နေပြည်တော်   နိုဝင်ဘာ   ၁၈
-
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မဲလရော ကျေးရွာအုပ်စု ထီးစာကျေးရွာနေ စောထောကလယ်(ဘ) ဦးဖားဒီလွီနှင့် တူတော်စပ်သူ သုထိခလေး(ဘ) ဦးထော်သိတို့ နှစ်ဦးသည် နိုဝင်ဘာ ၁၆ ရက် ညနေ ၅ နာရီခွဲခန့်တွင် ဟင်းရွက်ခူးရန် တောထဲသို့ သွားရောက်စဉ် ကျေးရွာ၏အနောက်ဘက် ၁ မိုင်ခန့်အကွာ သို့အရောက်၌ အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရ နင်းမိုင်းတစ်လုံးအား စောထောကလယ်က  နင်းမိပေါက်ကွဲ ခဲ့သည်။
-
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိကာ ဘားအံမြို့ရှိ ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူ လျက်ရှိပြီး ၎င်း၏တူတွင် ဒဏ်ရာများ မရရှိခဲ့ ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment