ရန်ကုန် နိုဝင်ဘာ ၇
-
ပြည်တွင်း၌ Global GAP အသိအမှတ်ပြု လက်မှတ်ရရှိထားသည့် ကျွဲကောနှစ်ခြံနှင့် သရက် တစ်ခြံ ပေါင်းသုံးခြံသာရှိပြီး တခြားသီးနှံများပါရရှိရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ် လုပ်တင်ပို့ ရောင်းချသူ များအသင်း (MFVP) ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်ထံမှ သိရသည်။
-
Global GAP သည် တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြု လက်မှတ်ဖြစ်သည့်အတွက် စည်းကမ်း ချက်ပေါင်း ၂၂ဝ ကျော်ကို လိုက်နာရမည်ဖြစ်သည်။ လတ်တလောတွင် ပြည်ပနိုင်ငံများသို့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ တင်ပို့လျက်ရှိရာတွင် Global GAP အပါအဝင် စိုက်ပျိုး ရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) စသည့် လက်မှတ်များရရှိရန် လိုအပ်သော ကြောင့် တောင်သူများ ကိုယ်တိုင် လက်မှတ်ရရှိနိုင်ရေး ကြိုးပမ်းလာကြခြင်းဖြစ်ကြောင်း သိရ သည်။
-
Global GAP လက်မှတ်ရတာ ကျွဲ ကောနှစ်ခြံနဲ့ သရက်တစ်ခြံပဲ ရှိပါသေးတယ်။ တခြား သီးနှံ တချို့ကိုလည်း လက်မှတ်ရဖို့ ကြိုးစားပြီးတင်နေတဲ့ သူတွေရှိပါတယ်။ နိုင်ငံတကာ ဈေးကွက် ကို သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ တင်ပို့မယ်ဆိုရင် GAP လက်မှတ် လိုတယ် ဆို တာကို တောင်သူ တော်တော်များများက သိနေကြပြီ'' ဟု ဦးစိုးသန်းမင်းဒင်က ပြောသည်။
-
ယင်းကဲ့သို့ လက်မှတ်ရရှိရေးကို သစ်သီးဝလံအပြင် ဟင်းသီးဟင်းရွက် စိုက်ပျိုးသူများကပါ ကြိုးပမ်း ဆောင်ရွက်နေကြကြောင်း၊ လတ်တလောတွင် ရွာငံဒေသ၌ အသင်း၏ ဦးဆောင် မှုဖြင့် ဆောင်ရွက်ထားသည့် အော်ဂဲနစ် လက်မှတ်ရရှိထားသော ကော်ဖီလေးခြံအပြင် ဖရဲ၊ သခွားစိုက် တောင်သူ ကိုးထောင်ကျော်နှင့် သရက်စိုက်တောင်သူ နှစ်ထောင်ကျော်ကို GAP သင်တန်းများ ပေးပြီးဖြစ်ကြောင်း သိရသည်။
-
ထို့ပြင် စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် ၂ဝ၁၇ ခုနှစ်တွင် မြန်မာ့ GAP စံချိန်စံညွှန်းများနှင့် လိုက်နာရမည့်နည်းလမ်းများကို ရေးဆွဲကြေညာခဲ့ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသော စိုက်ပျိုးရေး ထုတ်ကုန်များကို GAP အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးလျက်ရှိကြောင်း၊ လက်ရှိတွင် GAP လက်မှတ်ရရှိရန် သီးနှံ ၁၅ မျိုးတွင် ဆောင်ရွက်နေပြီး မြန်မာ GAP Guideline ကို အာဆီယံ GAP နှင့် Global GAP တို့၏ အဆင့်ထိရောက်အောင် လုပ်ဆောင် မည်ဖြစ်ကြောင်း သိရသည်။
-
နေနေ
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment