
ကလေး နိုဝင်ဘာ ၇
-
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့ပေါ် တာဟန်းရပ်ကွက် တာဟန်းဈေး အတွင်းရှိ အလှကုန်ဆိုင်နှင့် စားသောက် ကုန်ဆိုင်များ၌ တားမြစ်ထားသည့် အလှကုန် ပစ္စည်း များ၊ ရက်လွန်ပစ္စည်းများ၊ မှိုတက်နေသော အစားအစာ၊ သက်တမ်းလွန် အစားအစာများ ရောင်းချမှုရှိ၊ မရှိကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရှောင်တခင် ကွင်းဆင်း စစ်ဆေးကြောင်း သိရ သည်။
-
ထိုသို့စစ်ဆေးရာတွင် ခရိုင်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ၊ ခရိုင် စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် တာဟန်းဈေး ကော်မတီတို့ ပူးပေါင်း၍ အလှကုန်ဆိုင်များ၌ သုံးစွဲရန် မသင့်ဟု တားမြစ်ကြေညာထားသည့် အလှကုန် ပစ္စည်းများ၊ ရက်လွန်ပစ္စည်းများ၊ အစားအသောက်ကုန် ဆိုင်များ၌ မှိုတက်နေသော အစားအစာ၊ သက်တမ်းလွန် အစားအစာများ မရောင်းချရန် ပညာပေး ဆွေးနွေးပြီး အလှကုန် ဆိုင်များမှ သုံးစွဲရန်မသင့်ဟု တားမြစ်ထားသည့် အလှကုန် ပစ္စည်းငါးမျိုး အခု ၂ဝ နှင့် ရက် လွန် အလှကုန် တစ်မျိုးတစ်ခုတို့ကို သိမ်းဆည်းခဲ့သည်။
-
ဆက်လက်၍ အလှကုန်ဆိုင် ၁၃ ဆိုင်၊ စားသောက်ကုန်ဆိုင် သုံးဆိုင်တို့ကို ရှောင်တခင် စစ်ဆေးပြီး သိမ်းဆည်းခဲ့သည့် အလှကုန် ပစ္စည်းများကို ကလေးခရိုင် အငြင်းပွား ဖြေရှင်း ပေးရေးအဖွဲ့ ဥက္ကဋ္ဌထံသို့ တင်ပြ၍ အဖွဲ့ဝင် အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ဖျက်ဆီး သွားမည်ဖြစ်ကြောင်း သိရသည်။
-
ထယ်လ်ဏ
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment