Pages

Thursday, November 29, 2018

မိတ္ထီလာမြို့နယ်၌ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကျင်းပမည်

မိတ္ထီလာမြို့နယ်၌ စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကျင်းပမည်
-
မိတ္ထီလာ နိုဝင်ဘာ ၂၈ 
-
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီး မှူး၍ ရန်ကုန်မြို့ နန်းတော်ဝင်စာပေမှ စာအုပ်ဆိုင် ၂ဝ ကျော်ပါဝင်သော စာအုပ်စာပေပြပွဲနှင့် စာအုပ် အရောင်းပွဲကို ဒီဇင်ဘာ ၃ ရက်မှ ၅ ရက်အထိ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံးဝင်း အတွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
-
စာအုပ် ဈေးရောင်းပွဲတော်တွင် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ခွက်နင်းပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ခါးကွင်း လှည့်ပြိုင်ပွဲနှင့် ဥာဏ်စမ်းဂိမ်းများကို ထည့်သွင်း ကျင်းပမည် ဖြစ်ကြောင်း ပြန်ကြား ရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီး အရာရှိထံမှ သိရသည်။
-
ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအနေဖြင့် စာအုပ်စာပေ များ ပိုမိုလေ့လာ ဖတ်ရှုနိုင်ရေး၊ အသိပညာဗဟုသုတများ ရရှိစေရေးနှင့် သုတရသ စာအုပ်များ၊ ပုံပြင်စာအုပ် များ၊ အင်္ဂလိပ် စကားပြောစာအုပ်များ၊ သမိုင်းသုတဆိုင်ရာ စာအုပ်များ၊ ကျောင်းသား၊ ကျောင်း သူသုံး စာအုပ်များ စသည်တို့ကို တစ်နေရာ တည်းတွင် ရွေးချယ်ဝယ်ယူနိုင်ရေး ရည်ရွယ်၍ နှစ်စဉ် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
-
(၆ဝ၂)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment