Pages

Thursday, November 1, 2018

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ နိုင်ဂျီးရီးယား ဖက်ဒရယ် သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ဗင်နီဇွဲလား ဘိုလီဗာရီယန် နိုင်ငံ သံအမတ်ကြီးတို့ သီးခြားစီ ခန့်အပ်လွှာ ပေးအပ်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ  နိုင်ဂျီးရီးယား ဖက်ဒရယ် သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ဗင်နီဇွဲလား ဘိုလီဗာရီယန် နိုင်ငံ သံအမတ်ကြီးတို့ သီးခြားစီ ခန့်အပ်လွှာ ပေးအပ်
နေပြည်တော်  အောက်တိုဘာ  ၃၁
-
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံ ဆိုင်ရာ  နိုင်ဂျီးရီးယား ဖက်ဒရယ် သမ္မတ နိုင်ငံ  သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘော တူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ အာမက် နိုဘူ ဘာမလီသည် ယနေ့နံနက်  ၁ဝ နာရီတွင် နေပြည်တော်ရှိ  နိုင်ငံတော် သမ္မတ အိမ်တော်သံတမန်ဆောင် ဧည့်ခန်းမ၌  ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။
-


အလားတူ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ  ဗင်နီဇွဲလား ဘိုလီ ဗာရီယန် နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘော တူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ  ဟိုလ်ဟေ ရွမ်ဒမ် ဥဇ်ကတယ်ဂီသည် ယနေ့ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတ မန်ဆောင် ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
-
အဆိုပါ သံအမတ် ခန့်အပ်လွှာပေး အပ်ပွဲ အခမ်းအနားများသို့  အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment