Pages

Tuesday, November 6, 2018

မြန်မာ့ရိုးရာလှေ သဘင်ပွဲတော် ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

မြန်မာ့ရိုးရာလှေ သဘင်ပွဲတော် ဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ
-
ဗန်းမော်   နိုဝင်ဘာ  ၅ 
-
ကချင်ပြည်နယ် ဗန်းမော်မြို့ မင်္ဂလာ ကန်တော်(ဂေါ်ရာကန်)၌ ယမန်နေ့ညနေ ၄နာရီက မြန်မာ့ရိုးရာ လှေသဘင် ပွဲတော် ဗိုလ်လု ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပသည်။
-
ရှေးဦးစွာ လှော်တက် အမျိုးအစားအလိုက် ဗိုလ်လုပွဲများကို ကျင်းပရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင် သိန်း၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း၊ ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဗန်းမော်မြို့နယ်အတွင်း မြန်မာ့ရိုးရာ လှေသဘင်ပွဲတော်သို့ ဝင်ရောက် ယှဉ်ပြိုင်ကြသည့် ကျေးရွာ အသီးသီးမှ ဒေသခံပြည်သူများ တက်ရောက်အားပေးကြည့်ရှုကြသည်။
-
ထို့နောက် ဆုပေးပွဲအခမ်းအနားကျင်းပရာ တာဝန်ရှိသူများက လှော်တက် ကိုးတက်ပြိုင်ပွဲ၌ ပထမဆုရရှိသည့် နန့်ဖား (ခ)အသင်း၊ ဒုတိယဆုရရှိသည့် ကုန်းခါးကျေးရွာအသင်း၊ တတိယဆုရရှိသည့် နောင်ခိုကျေးရွာ အသင်း နှင့် နှစ်သိမ့်ဆု ရရှိသည့် လှေလှော်အသင်း၊ လှော်တက် ၁၇ တက်ပြိုင်ပွဲတွင် ပထမဆုရရှိ သည့် နန့်ဖားကျေးရွာ (က)အသင်း၊ ဒုတိယ ဆုရရှိသည့် နန့်ဖား(ခ)အသင်း၊ တတိယဆု ရရှိသည့် စင့်ကင်ကျေးရွာအသင်းနှင့် နှစ်သိမ့် ဆုရရှိသည့်အသင်းများနှင့် လှော်တက် ၂၁တက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် နန့်ဖား(ခ) အသင်း၊ ဒုတိယဆုရရှိသည့် နောင်ခိုကျေးရွာ အသင်း၊ တတိယဆုရရှိသည့် နန့်ဖား(က) အသင်းနှင့်နှစ်သိမ့်ဆုရရှိသည့် အသင်းတို့အား ဆုဖ လားနှင့် ဆုငွေ တို့ကို အသီးသီးပေးအပ်ကြသည်။
-
အဆိုပါမြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲသို့ လှော်တက် အမျိုးအစားအလိုက် ပြိုင်ပွဲဝင်အသင်း ၄ဝ ပါဝင်ယှဉ်ပြိုင်ကြ ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment