Pages

Friday, November 30, 2018

၂ဝ၁၈ ခုနှစ် မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပဉ္စမ)ပွဲစဉ် တတိယနေ့ကို ပြင်ဦးလွင်မြို့  ချယ်ရီလွင်တပ်မတော် ဂေါက်ကလပ်၌ ဆက်လက်ပြုလုပ်

၂ဝ၁၈ ခုနှစ် မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပဉ္စမ)ပွဲစဉ် တတိယနေ့ကို ပြင်ဦးလွင်မြို့  ချယ်ရီလွင်တပ်မတော် ဂေါက်ကလပ်၌ ဆက်လက်ပြုလုပ်
-
နေပြည်တော် နိုဝင်ဘာ ၂၉
-
၂ဝ၁၈ ခုနှစ် မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (ပဉ္စမ)ပွဲစဉ် တတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ချယ်ရီလွင်တပ်မတော် ဂေါက်ကလပ်၌ ဆက်လက်ပြု လုပ်သည်။
-
ပြိုင်ပွဲ တတိယနေ့အပြီးတွင် ပညာရှင်အဆင့်ပြိုင်ပွဲ၌ ဟိန်းစည်သူက သတ်မှတ်ရိုက်ချက်ထက် ၁၅ ချက် လျှော့ရိုက်ကာ ပထမ၊ ဇော်ဇော်လတ်က သတ်မှတ်ရိုက်ချက်ထက် ၁ဝ ချက်လျှော့ရိုက်ကာ ဒုတိယ၊ ဘိုဘိုက သတ်မှတ်ရိုက်ချက်ထက် ရှစ်ချက်လျှော့ရိုက်ကာ တတိယ အဆင့် တွင်လည်းကောင်း၊ ဝါသနာရှင်အဆင့်(အမျိုးသား) ပြိုင်ပွဲတွင် ကျော်ဇင်ထွန်းက သတ်မှတ်ရိုက်ချက်ထက် လေးချက်ပိုရိုက်ကာ ပထမ၊ ဇော်ဇော်ထွန်းက သတ်မှတ်ရိုက်ချက်ထက် လေး ချက်ပိုရိုက်ကာ ဒုတိယ၊ သီဟဌေးက သတ်မှတ်ရိုက်ချက်ထက် လေးချက်ပိုရိုက်ကာ တတိယအဆင့်တွင်လည်းကောင်း၊ ဝါသနာရှင်အဆင့်(အမျိုးသမီး) ဒုတိယနေ့ပြိုင်ပွဲတွင် ဧကရီဝင်း ထွန်းက သတ်မှတ်ရိုက်ချက်ထက် ရှစ်ချက်ပိုရိုက်ကာ ပထမ၊ မေဦးခိုင်က သတ်မှတ် ရိုက်ချက် ထက်၁၃ ချက်ပိုရိုက်ကာ ဒုတိယ၊ ပြုံးပြုံးထွေးက သတ်မှတ် ရိုက်ချက်ထက် ၁၃ ချက်ပိုရိုက် ကာ တတိယတို့ဖြင့်လည်းကောင်း အသီးသီးယှဉ်ပြိုင် ကစားလျက်ရှိသည်။
-
အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၃ဝ ရက်တွင် ပြင်ဦးလွင်မြို့၊ ချယ်ရီလွင် တပ်မတော် ဂေါက်ကလပ်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment