Pages

Thursday, November 8, 2018

တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း ပြိုင်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးအဖွဲ့ တံခွန်စိုက်ဆု ရရှိ

တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်း ပြိုင်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးအဖွဲ့ တံခွန်စိုက်ဆု ရရှိ
ရန်ကုန်    နိုဝင်ဘာ    ၇ 
-
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီး အားကစား အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့်  ၂ဝ၁၈ ခုနှစ် (၂၄)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး  ကိုယ် ကာယ ကြံ့ခိုင်မှု လေ့ကျင့်ခန်းပြိုင်ပွဲကို  နိုဝင်ဘာ ၄ ရက်မှစတင်၍ ရန်ကုန်မြို့ရှိ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ကျင်းပခဲ့ပြီး ယနေ့ ပြိုင်ပွဲနောက်ဆုံးနေ့ယှဉ်ပြိုင်မှုအပြီးတွင် ရန်ကုန်တိုင်းဒေသကြီးအဖွဲ့က တံခွန်စိုက်ဆု ရရှိသွားကြောင်း သိရသည်။
-
အဆိုပါ(၂၄)ကြိမ်မြောက်  တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းပြိုင်ပွဲတွင်  အသက် ၁၂ နှစ်အောက် အငယ်တန်း ကိုးယောက်တွဲပြိုင်ပွဲ၊ အသက် ၁၃ နှစ်နှင့်အထက် အကြီးတန်းကိုးယောက် တွဲပြိုင်ပွဲ၊ သုံးယောက်တွဲပြိုင်ပွဲ၊ တစ်ဦးချင်း ပြိုင်ပွဲနှင့် Myanmar Fitness Danceပြိုင်ပွဲများ ပါဝင်ပြီး ပြည်နယ်နှင့် တိုင်းဒေ သကြီး ၁၅ ခုမှ ကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြသည်။
-
အသက် ၁၂ နှစ်အောက်  အငယ်တန်း ကိုးယောက်တွဲပြိုင်ပွဲတွင် ကချင်ပြည်နယ်က ပထမ၊ ရန်ကုန်တိုင်း ဒေသကြီး က ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးက တတိယ၊ ကရင် ပြည်နယ်ကစတုတ္ထနှင့် မွန်ပြည်နယ်က ပဉ္စမ၊   အကြီးတန်း ကိုးယောက်တွဲပြိုင်ပွဲတွင် ကချင် ပြည်နယ်က ပထမ၊ ရန်ကုန်တိုင်းဒေသကြီးက ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးက တတိယ၊ မွန်ပြည်နယ်က စတုတ္ထနှင့် ကရင်ပြည်နယ်က ပဉ္စမ အသီးသီးရရှိခဲ့ကြသည်။ အလားတူ သုံးယောက် တွဲပြိုင်ပွဲ တွင် ရန်ကုန်တိုင်းဒေသကြီးက ပထမ၊ ကချင်ပြည်နယ်က ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးက တတိယ၊ ကရင် ပြည်နယ်က စတုတ္ထ၊ ရခိုင်ပြည်နယ်က ပဉ္စမ၊ တစ်ဦးချင်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးက ပထမ၊ ကချင်ပြည်နယ်က ဒုတိယ၊ စစ်ကိုင်း တိုင်းဒေသကြီးက တတိယ၊ ရခိုင်ပြည်နယ်ကစတုတ္ထ၊ မန္တလေးတိုင်းဒေသကြီးက ပဉ္စမ၊ Myanmar Fitness Dance ပြိုင်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီးက ပထမ၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့က ပူးတွဲ ဒုတိယ၊  ကရင်ပြည်နယ်က တတိယ၊ မွန်ပြည်နယ်က စတုတ္ထ၊ မန္တလေးတိုင်းဒေသကြီးက ပဉ္စမ အသီးသီးရရှိခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင်  ရန်ကုန်တိုင်း ဒေသကြီးက  ရွှေသုံးခု၊ ငွေနှစ်ခုဖြင့်  တံခွန်စိုက်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
-
ဆုချီးမြှင့်ရာ၌ ကိုးယောက်တွဲပြိုင်ပွဲတွင် ပထမဆုငွေကျပ်ငါးသိန်း၊ ဒုတိယဆုငွေကျပ် သုံးသိန်း၊  တတိယ ဆုငွေ ကျပ်တစ်သိန်းနှင့် စတုတ္ထနှင့်ပဉ္စမအတွက် ငွေကျပ်တစ်သိန်း  စီအားလည်းကောင်း၊ သုံးယောက်တွဲပြိုင်ပွဲတွင်  ပထမဆုငွေကျပ် သုံးသိန်း၊ ဒုတိယဆုငွေကျပ် နှစ်သိန်း၊   တတိယဆုငွေ ကျပ်တစ်သိန်းနှင့် စတုတ္ထနှင့် ပဉ္စမအတွက် ငွေကျပ်ခြောက်သောင်း စီအားလည်းကောင်း၊ တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုငွေကျပ် ငါးသောင်း၊ ဒုတိယဆုငွေကျပ်သုံးသောင်း၊ တတိယဆုငွေကျပ်နှစ်သောင်းနှင့် စတုတ္ထနှင့် ပဉ္စမအတွက် ငွေကျပ်တစ် သောင်းစီအား လည်းကောင်း၊  Myanmar Fitness Dance ပြိုင်ပွဲတွင် ပထမဆုငွေကျပ် ငါးသိန်း၊ ဒုတိယဆုငွေကျပ်သုံးသိန်း၊ တတိယ ဆုငွေကျပ် နှစ်သိန်းနှင့် စတုတ္ထနှင့်ပဉ္စမအတွက် ငွေကျပ်တစ်သိန်းစီတို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန   ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ် နာယက၊ ဥက္ကဋ္ဌနှင့်  ဒုတိယ ဥက္ကဋ္ဌများ၊ အမှုဆောင်များနှင့် တာဝန် ရှိသူတို့က  အသီးသီးပေးအပ်ကြကြောင်း သိရသည်။
-
ဝန်းရံခ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment