Pages

Tuesday, November 6, 2018

ဒဂုံ (တောင်ပိုင်း) မြို့နယ်ရှိ စက်မှုဇုန်များ၌ လုယက်ခိုးယူမှုနှင့် ဖျက်ဆီးမှုများ ရှိသဖြင့် လှည့်ကင်း ဆောင်ရွက်လျက်ရှိ

-
ရန်ကုန်  နိုဝင်ဘာ  ၅ 
-
ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(တောင်ပိုင်း)မြို့နယ် စက်မှုဇုန်များရှိ စက်ရုံများမှ ပစ္စည်းများ မကြာခဏလုယက်ခံရခြင်း၊ ခိုးယူခံရခြင်းနှင့် ဖျက်ဆီးခြင်းများ ရှိနေသဖြင့် ရဲတပ်ဖွဲ့အနေဖြင့် ယခုလမှစ၍ လှည့်ကင်းဖြင့် စစ်ဆေးလျက်ရှိကြောင်း ဒဂုံ(တောင်ပိုင်း) မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထံမှ သိရ သည်။
-
ဒဂုံ  (တောင်ပိုင်း)  မြို့နယ်၌  စက်မှုဇုန်(၁)၊ စက်မှုဇုန် (၂) နှင့် စက်မှုဇုန် (၃) အပြင် ရွာသာကြီး ၁၄၄ စက်မှုဇုန်တို့၌ အထက်ပါဖြစ်စဉ်များ ဖြစ်ပွားနေ၍ ရဲတပ်ဖွဲ့များဖြင့် ညစဉ်လှည့်ကင်း စစ်ဆေးရန်  စီစဉ်ခဲ့ခြင်းဖြစ်သည်။  အဆိုပါနယ်မြေများအတွင်း ပစ္စည်းများ ခိုးယူခံရခြင်း၊ ဆိုင်ကယ်များဖြင့်  လုယက်ခြင်း  စသည့် မှုခင်းများ ကျဆင်းစေရေးအတွက် ယခုကဲ့သို့ဆောင်ရွက်ရခြင်း ဖြစ်ပြီး စက်မှုဇုန်လေးခု၌ စီမံချက်တစ်ခုအဖြစ် နေ့စဉ်လှည့်ကင်း၊ ပတ်ကင်းများ ဆောင်ရွက်မည်ဖြစ်သည်။
-
''စက်မှုဇုန်တွေမှာ ဒုစရိုက်မှုကျူးလွန်သူတွေ ရှိလာလို့ စီစဉ်တာပါ။ ဒုစရိုက်မှုကျူးလွန် နိုင်တဲ့နေရာမျိုးတွေမှာ လမ်းမီးတိုင်တွေ လိုအပ်သလား၊ လိုအပ်ရင် တင်ပြတောင်းခံမယ်။  မှုခင်းကျဆင်းရေးအတွက်  သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ရဲတပ်ဖွဲ့တွေနဲ့ ပြည်သူတွေကပါ ပူးပေါင်းဆောင်ရွက်ကြမှာပါ။အခုလိုလုပ်ဆောင်ဖို့  လုံခြုံရေး နဲ့နယ်စပ်ရေးရာ ဝန်ကြီးကို ဇွန်လလောက် ကတည်းက တင်ပြထားပြီးဖြစ်ပါတယ်''ဟု ဦးညီညီ ကပြောသည်။
-
စက်မှုဇုန်များအတွင်း ညအချိန်တွင် အခွင့်ကောင်းယူ၍ ဒုစရိုက်မှုများ မဖြစ်ပွားစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်း၍ ပြင်ဆင်သင့်သည်များကိုလည်း ပြင်ဆင်မည်ဖြစ်ကြောင်း၊ ကျော်ဇောသတင်းနှင့် ထင်ရှားသူများ၊ သံသယ ရှိသူများကို ခေါ်ယူစစ်ဆေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment