Pages

Friday, October 19, 2018

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း Qingdao Football Association Team ကို အနိုင်ရ

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း Qingdao Football Association Team ကို အနိုင်ရ
ရန်ကုန်  အောက်တိုဘာ ၁၈
-
မြန်မာ့ လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းသည် တရုတ်နိုင်ငံ Qingdao မြို့သို့ သွားရောက်၍ လေ့ကျင့်မှုများ ပြုလုပ် လျက် ရှိပြီး တရုတ်ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိရာ  တတိယမြောက်ပွဲစဉ်တွင် Qingdao Football Association Team ကို ၁၈ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိသည်။
-
မြန်မာ့ လက်ရွေးစင် ဖူဆယ်အသင်းသည် ထိုပွဲစဉ်တွင်လည်း ကစားသမားခြောက်ဦးကို အနားပေးခဲ့ပြီး Qingdao Football Association Team ကို  ရင်ဆိုင်ကစားခဲ့ခြင်းဖြစ် သည်။ ယင်းပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း အတွက် ဂိုးများကို ကျော်စိုးမိုး၊  ပြည့်ဖြိုးမောင်(၃)နှင့် မျိုးမြင့်စိုးတို့က သုံးဂိုးစီ၊ နိုင်လင်းထွန်းကျော်၊ ကိုကိုလွင်နှင့်  ဝေဇင်ဦး တို့က တစ်ဂိုးစီသွင်းယူပေးခဲ့ပြီး Qingdao Football Association Team က တစ်ဂိုးကို ကိုယ့်ဂိုး ကိုယ်သွင်း ယူခဲ့ခြင်းဖြစ်ကာ ဂိုးပြတ် အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။
-
မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းသည် သုံးပွဲယှဉ်ပြိုင်ကစားပြီး ချိန်တွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊   တစ်ပွဲရှုံး  ရလဒ် ရရှိ ကာ  ရဂိုး ၂၁ ဂိုးနှင့် ပေးဂိုးကိုးဂိုးရှိ ထားသည်။
-
တခြားပွဲစဉ် တစ်ပွဲအဖြစ် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင်  Qingdao Chen Xi  အသင်းနှင့် Shen Zhen အသင်းတို့က လေးဂိုးစီ သရေ ဖြစ်ခဲ့သောကြောင့် မြန်မာ့ လက်ရွေးစင်ဖူဆယ်အသင်းသည် အောက်တိုဘာ ၁၉ရက် မြန်မာ စံတော်ချိန် နံနက် ၈ နာရီခွဲတွင် Qingdao Football Association Team နှင့်ပင် တတိယနေရာ လုပွဲ ထပ်မံ ယှဉ်ပြိုင် ကစား ရမည်ဖြစ်သည်။
-
အက်စ်တီ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment