
-
နေပြည်တော် အောက်တိုဘာ ၁၈
-
စင်ကာပူသမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၁၂)ကြိမ်မြောက် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အ စည်းအဝေး "12th ASEAN Defence Ministers' Meeting (12th ADMM)" နှင့် (၅)ကြိမ်မြောက် အာဆီယံအပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေး "5th ASEAN Defence Ministers' Meeting Plus (5th ADMM-Plus)" များသို့ တက်ရောက်ရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
-
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြကြောင်း သတင်း ရရှိသည်။ -
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment