Pages

Wednesday, October 3, 2018

ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက် ကျေးရွာအုပ်စု အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်


နေပြည်တော်   အောက်တိုဘာ  ၂
-
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ အုပ်စုအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့်  ဒေသခံပြည်သူများအား  ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊  နယ်လှည့်ဆေးကုသရေးအဖွဲ့က ညောင်ခြေထောက်ကျေးရွာရှိ ဓမ္မရက္ခိတကျောင်းတိုက်၌   ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။
-
ဦးစွာ ဆေးကုသရေး အဖွဲ့က ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ  ၂၆၇ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊  အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော  ဒေသခံပြည်သူခြောက်ဦးအား ဥသျှစ်ပင်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
-
ထို့နောက်  ဆေးကုသရေးအဖွဲ့က  ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါ၊ ဆီးချိုရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေး သည်။
-
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံတပ်မှ တပ်မတော် အရာရှိကြီးများက   သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တခန္တီစာရအား ဖူးမြော်ကာ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment