Pages

Tuesday, October 2, 2018

တပ်မတော်ထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်လုပ်ဆောင်နေမှုများကိုဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပ



ခန္တီး အောက်တိုဘာ ၁
-
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ကကြီးမှူး၍ ယနေ့နံနက် ၉ နာရီတွင် ခန္တီးမြို့ ကမ်းနားလမ်းနှင့် ဈေးလမ်းထိပ်၌ တပ်မတော်ထောက်ခံခြင်းနှင့် ပြည်ပ
စွက်ဖက်လုပ်ဆောင်နေမှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပသည်။
-
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးသိန်းဇော်ဝင်း(ငြိမ်း) က ''ယနေ့ပြုလုပ်တဲ့ တပ်မတော်ထောက်ခံခြင်းနဲ့ ပြည်ပစွက်ဖက်လုပ်ဆောင်နေမှုတွေ
ကိုဆန့်ကျင်တဲ့ ဆန္ဒဖော်ထုတ်ပွဲမှာ ခန္တီးမြို့နယ်အတွင်းနေထိုင်ကြတဲ့ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၇၅ ဦး၊ အရန်အဖွဲ့ဝင် ၅၅ ဦး၊ အင်အား ၁၃ဝ ဦးနဲ့ ငြိမ်းချမ်းစွာ ဆန္ဒဖော် ထုတ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီပွဲကို 
ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ စစ်မှုထမ်းဟောင်းရည်ရွယ်ချက် (၄)ရပ်ထဲက နံပါတ် (၂)ရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေမှာ တပ်မတော်အရန်အင်အားအဖြစ်နဲ့ တာဝန်
သိသိ ပူးပေါင်းဆောင်ရွက်ရန်ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်''ဟု ပြောသည်။
-
ဆန္ဒဖော်ထုတ်ပွဲတွင် ခန္တီးမြို့နယ်အတွင်း နေထိုင်ကြသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင်၊ အရန်အဖွဲ့ဝင် ၁၃ဝ ဦးတို့က နိုင်ငံတော်အလံများ၊ စစ်မှုထမ်းဟောင်းအလံများနှင့်အတူ မြန်မာတပ်မတော်ကို အပြည့်အဝ
ထောက်ခံသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင် နိုင်ငံရေးစွက်ဖက်သော  Facebook ကို လုံးဝဆန့်ကျင်ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး
ကော်မရှင်၏ မမျှမတတစ်ဖက်သတ်အစီရင်ခံစာကို တို့လုံးဝလက်မခံ၊ ပြည်သူကိုချစ်သော ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး
အစီရင်ခံစာအလိုမရှိဟူသော ဆိုင်းဘုတ်များ ကိုင်ဆောင်၍ တစ်နာရီခန့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြသည်။ ယင်းဆန္ဒဖော်ထုတ်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးသိန်းဇော်ဝင်း(ငြိမ်း)၊
ခန္တီးမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ တပ်ကြပ်ကြီးလှသောင်း(ငြိမ်း)နှင့် ခန္တီးမြို့နယ်အတွင်း နေထိုင်ကြသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၇၅ ဦး၊ အရန်အဖွဲ့ဝင် ၅၅ ဦး စုစုပေါင်းအင်အား ၁၃ဝ ဦးပါဝင်
ကြောင်း သိရသည်။
-
တပ်မတော်ထောက်ခံပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ပြုလုပ်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ်အပါအဝင် ၄၈ ကြိမ် စုစုပေါင်း အင်အား ၅၉ဝ၇၁၅ ဦးဖြင့် ကျင်းပခဲ့ပြီး 
နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment