Pages

Monday, October 29, 2018

ရှင်လောင်းလှည့်ပွဲများ အတွက် ရွှေလှည်းထောင်သူများ စိန်လှည်းပါ တိုးချဲ့ တည်ထောင်လာ

ရှင်လောင်းလှည့်ပွဲများ အတွက် ရွှေလှည်းထောင်သူများ စိန်လှည်းပါ တိုးချဲ့ တည်ထောင်လာ
-
မန္တလေး အောက်တိုဘာ ၂၈
-
မြန်မာ့ရိုးရာအလှူ ရှင်လောင်းလှည့်ပွဲများ အတွက် ရွှေလှည်းတည်ထောင်ကာ အငှားလိုက်သူများမှာ ရွှေလှည်း၊ ငွေလှည်း၊ ပတ္တမြားလှည်းများအပြင် စိန်လှည်းများပါပြုလုပ်လာကြကြောင်းသိရသည်။
-
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်  ဒေသများရှိ  အလှူပွဲများတွင်လည်း  ရွှေလှည်း၊ငွေလှည်း၊ ပတ္တမြားလှည်း၊  ရွှေမြင်းလှည်း၊ ငွေမြင်းလှည်းများကို  ငှားရမ်းအသုံးပြုမှု များပြားလျက်ရှိရာ ယခုနှစ်တွင်  စိန်လှည်းများကိုပါ ကြိုတင်ငှား ရမ်းလာကြသည်။ လက်ရှိကာလတွင် ရွှေလှည်း၊ စိန်လှည်းထောင်သူများမှာ ရွှေလှည်းနှင့် နွားတစ်ရှဉ်း အပါအဝင် ငွေကျပ်  သိန်း ၅ဝ ခန့်ကုန်ကျပြီး ရွှေလှည်းတစ်စီးလျှင်   ပန်းပုလက်ရာ အပြောက်အမွမ်းများ၏ အနုစိတ်မှုအပေါ် မူတည်ကာ ငွေကျပ်  တစ်ဆယ့်ငါးသိန်းငါးသောင်းမှ   တစ်ဆယ့်ခုနစ်သိန်းကျော်အထိ ပေးကြရသည်။
-
 ရွှေလှည်းထောင်သူများသည် ရွှေလှည်းနှင့် လိုက်ဖက်သော ခိုင်းနွားတစ်ရှဉ်းပါ ဝယ်ယူကြရသည်။ ယခုနှစ်တွင် အလှူပွဲရာသီ နီးကပ်လာသည့်အတွက်စိန်လှည်းများကိုနေ့ညပြုလုပ်နေရသည်။ စိန်လှည်းများတွင် ပုလဲရောင်အောက် ခံပြုလုပ်ကာ  ရောင်စုံ ကျောက်များကို  စီခြယ်ပေးထားသည်။ လက်ရာမြောက် ပန်းပုရုပ်များနှင့်အတူ လှပသည့် ကျောက်မျိုးစုံဖြင့် စိန်လှည်းများကို  အလှပဆုံး စီခြယ်ကြသည်။
-
သီတင်းကျွတ်လမှ စတင်ကာ အလှူပွဲများအတွက် ရွှေလှည်း၊ ငွေလှည်း၊ ပတ္တမြားလှည်း၊  စိန်လှည်းများကို  ကြိုတင်ငှားရမ်းမှု များပြားလျက်ရှိရာအလှူတစ်ပွဲလျှင် စိန်လှည်း ငှားရမ်းခ ငွေကျပ်နှစ်သိန်းပေးရကြောင်း  သရက်တန်းရွာမှ   ရွှေလှည်း၊  ငွေလှည်း၊ စိန်လှည်းများ တည်ထောင်အငှားလိုက်သူ တစ်ဦးထံမှ
သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment