Pages

Thursday, October 4, 2018

အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကျဆင်းလာသော်လည်း အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းကျဆင်းလာသော်လည်း ရန်ကုန်စက်သုံးဆီဈေးကွက်အတွင်း ဈေးနှုန်းများဆက်လက်မြင့်တက်


ရန်ကုန် အောက်တိုဘာ ၃ 
-
ပြည်တွင်း၌ အမေရိကန်ဒေါ်လာဈေးနှုန်း ကျဆင်းလာသော်လည်း စင်ကာပူနိုင်ငံ၌ စက်သုံးဆီဈေးနှုန်းမြင့်တက်နေသောကြောင့် ရန်ကုန်စက်သုံးဆီဈေးကွက်အတွင်း ဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း 
မြင့်မြတ်ထွဋ်ခေါင် စက်သုံးဆီအရောင်းဆိုင် အထွေထွေမန်နေဂျာ ဦးတင်မင်းလွင် ထံမှ သိရသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာ ဈေးနှုန်းပေါက်ဈေး ကျဆင်းလာသော်လည်း ပြင်ပပေါက်ဈေးများမှာ 
အနည်းငယ်သာကျဆင်းခဲ့သည်။ မြန်မာနိုင်ငံသည် စက်သုံးဆီများကို စင်ကာပူနိုင်ငံမှ အဓိကထား တင်သွင်းနေရသဖြင့် ယခုရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံ စက်သုံးဆီ ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်လျက်ရှိ
ကြောင်း သိရသည်။ 
-
''ကမ္ဘာ့ရေနံဈေးအတက်အကျက တိုက်ရိုက်မပတ်သက်ပါဘူး။ စင်ကာပူရေနံဈေး အတက်အကျက မြန်မာနိုင်ငံအတွက် အကျိုးသက်ရောက်မှုရှိတယ်။ စက်သုံးဆီဈေးမြင့်တက်နေတာက စင်ကာပူဒိုင်ဈေး မြင့်တက်နေလို့ပါ'' ဟု 

ဦးတင်မင်းလွင်ကပြောသည်။ 
-
ထို့ပြင် ကမ္ဘာ့ရေနံစိမ်းဈေးမှာ 1 barrel လျှင် ယခင်ခြောက်ရက်ခန့်က အမေရိကန် ဒေါ်လာ ၇ဝ ခန့်သာရှိသော်လည်း လက်ရှိတွင် အမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာ ဝန်းကျင်အထိ မြင့်တက်နေသဖြင့် စင်ကာပူ 
ပေါက်ဈေးမှာ နေ့စဉ် အမေရိကန်ဒေါ်လာ ၂ ဒေါ်လာဝန်းကျင် မြင့်တက်နေခြင်းဖြစ်သည်။ စက်သုံးဆီဈေးနှုန်းများသည် ရောင်းချ သူ၏ လက်ကျန်ဆီ ရှိခြင်း၊ မရှိခြင်းထက် ရောင်းချသည့်နေ့တွင် ဖြစ်ပေါ်နေသည့် 
အမေရိကန်ဒေါ်လာဈေးနှုန်းနှင့် ဆီဈေး နှုန်းများပေါ် အခြေခံကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့် ကပြောသည်။ 
-
''အဓိက စက်သုံးဆီဈေးနှုန်းကိုကြည့်မယ်ဆိုရင် အဲဒီနေ့မှာဖြစ်ပေါ်နေတဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းရယ်၊ ဆီပေါက်ဈေးရယ်၊ တွက်ချက်ထားတဲ့ဆိပ်ကမ်းရောက်တန်ဖိုးနဲ့ ဆိုင်အရောက် အရင်းဈေးနှုန်းတွေပေါ်မှာပဲ 
သုံးသပ်ပေးစေလိုပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဒေါ်လာဈေးနဲ့တွက်မယ်ဆိုရင် ဒီနေ့ဖြစ်ပေါ်နေတဲ့ဆီဈေးက တက်တာဖြစ်ချင်ဖြစ်မယ်၊ ကျတာဖြစ်ချင်ဖြစ်မယ်။ အဲဒီတော့ အင်မတန် မှန်းဆရခက်ပါတယ်။ ဒီနေ့ 
တစ်ရက်ဈေးကိုကြည့်မယ်ဆိုရင် ဒီနေ့ တစ်ရက်မှာဖြစ်ပေါ်နေတဲ့ အမေရိကန် ဒေါ်လာဈေးနဲ့ ဆီဈေးကိုပဲ အခြေခံပြီးတွက်ရင် ရောင်းတဲ့ဈေးတွေက ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလားဆိုတာကို ဆုံးဖြတ်
တဲ့နေရာမှာ ပိုပြီးအဆင်ပြေမှာပါ'' ဟု ဒေါက်တာဝင်းမြင့်ကပြောသည်။ 
-
စက်သုံးဆီဈေးနှုန်းများမှာ ယခုရက်ပိုင်းတွင် ဒီဇယ် 500 ppm တစ်လီတာလျှင် ငွေကျပ် ၁ဝဝ၅ ကျပ်မှ ၁ဝ၇၅ ကျပ်အထိ လည်းကောင်း၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ငွေကျပ် ၁ဝ၁၅ ကျပ်မှ ၁ဝ၈၅ ကျပ်အထိ
လည်းကောင်း၊ အောက်တိန်း 92 တစ်လီတာလျှင် ငွေကျပ် ၉၇၅ ကျပ်မှ ၁ဝ၄၅ ကျပ်အထိ လည်းကောင်း၊ အောက်တိန်း 95 တစ်လီတာလျှင် ငွေကျပ် ၁ဝ၂၅ ကျပ်မှ ၁ဝ၉၅ ကျပ်အထိလည်းကောင်း ဈေးနှုန်းများ ဆက်လက်
မြင့်တက်နေကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment