Pages

Friday, October 26, 2018

ဖလမ်းမြို့၌ ဟွာလ်ငိုးမျိုးနွယ်စုများ၏ ချင်းရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပ

ဖလမ်းမြို့၌ ဟွာလ်ငိုးမျိုးနွယ်စုများ၏ ချင်းရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပ
ဖလမ်း အောက်တိုဘာ ၂၅
-
ချင်းရိုးရာနှစ်သစ်ကူး ပွဲတော်တစ်ခုဖြစ်သော ဟွာလ်ငိုးမျိုးနွယ်စုများ၏ (မိမ်းကုသ်)ပွဲတော်ကို ဟွာလ်ငိုးစာပေနှင့် ယဉ်ကျေးမှုအသင်း ဦးဆောင်မှုဖြင့် ယမန်နေ့နံနက် ၁၁ နာရီက ဖလမ်းမြို့ YCC ခန်းမဝင်း၌ ကျင်းပကြောင်း သိရသည်။
-
မိမ်းကုသ်ပွဲတော်ကို ဦးဟရန်းကမ်းလိုအာက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဟွာလ်ငိုးစာပေနှင့် ယဉ်ကျေးမှုအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးခေါသွလာလ်အာနှင့် ဖလမ်းမြို့ မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးဟရန်းလောမ်ထန်း တို့က အမှာစကား ပြောကြားကြသည်။ 
-
ထို့နောက် ဟွာလ်ငိုးမျိုးနွယ်စုများမှ ဘွဲ့ရရှိသူများနှင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။ ဆက်လက်၍ ဟွာလ်ငိုးလူငယ်များက ဟွာလ်ငိုးရိုးရာအကများ၊ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။ 
-
ဟွာလ်ငိုးမျိုးနွယ်စုများ၏ မိမ်းကုသ် ပွဲတော်ကို ၂ဝ၁၇ ခုနှစ်က ဖလမ်းမြို့၌ ပထမအကြိမ်ဖြင့် ကျင်းပပြီး ယခုအခါ ဒုတိယအကြိမ်မြောက်   ကျင်းပသည့် ပွဲတော်ဖြစ်သည်။ 
-
အလားတူ ငေါန်မျိုးနွယ်စုများ၏ ချင်းရိုးရာ နှစ်သစ်ကူးပွဲတော်   ဒေါင်းဆောမ်၊ ဇာညက်မျိုးနွယ်စုများ၏ ဒေါင်းပွီး၊ လိုင်ဇိုးမျိုးနွယ်စုများ၏ Fanger  ပွဲတော်များကို ဖလမ်းမြို့၌  အောက်တိုဘာ ၂၄ ရက်က အသီးသီး ကျင်းပကြကြောင်းနှင့် ချင်းရိုးရာ နှစ်သစ်ကူးပွဲတော်ကို   မျိုးနွယ်စုအလိုက် အခေါ်အဝေါ် အမျိုးမျိုး ကွဲပြားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment