Pages

Monday, October 29, 2018

ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပြန်လည် ရောက်ရှိ

ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ပြန်လည် ရောက်ရှိ

နေပြည်တော် အောက်တိုဘာ ၂၈
-
တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်သည့် "8th Xiangshan Forum" သို့ တက်ရောက်ခဲ့သော ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၇ ရက် ညပိုင်းတွင်ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။
-
ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
-
 ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်အတူ အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြသည့် ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပြန်လည် လိုက်ပါလာကြကြောင်း သတင်း ရရှိသည်။ 
-
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment