Pages

Thursday, September 6, 2018

မိုးရွာသွန်းမှုကြောင့် မိုင်းဖြတ်-ကျိုင်းတုံသွားလမ်းတွင် တောင်ကမ်းပါးယံပြို၍ လမ်းပိတ်ဆို့မြှုဖစ်



မိုင်းဖြတ် ၆-၉-၂ဝ၁၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မိုင်းဖြတ်-ကျိုင်းတုံသွား ပြည်ထောင်စု လမ်းမကြီးဆိုင်းလေ ကျေးရွာအနီး မိုင်တိုင်အမှတ် (၆၉၇-၆၉၈)Km ကြား၌တောင်ကမ်းပါးယံ ပြိုကျ၍ ခေတ္တလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်ကမ်းပါးယံ ပြိုကျ၍ လမ်းပိတ်ဆို့မှု ဖြစ်ပွားမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်နိုင်၊ မြို့နယ်လမ်း ဦးစီးအရာရှိ (မြို့ပြ) ဒေါ်ကေခိုင်ဇော်၊ အငယ်တန်းအင်ဂျင်နီယာ(၂) (မြို့ပြ)ဦးအောင်ဇော်ထွန်းတို့၏ ကြီးကြပ်မှုဖြင့် ခရီးသွားယာဉ်များ အချိန်ကြန့်ကြာမှု မရှိစေရန်နှင့် ခရီးသွားလာရာတွင် လွယ်ကူချောမွေ့၍ အဆင်ပြေမှုရှိစေရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက် ရာတွင်ပူးပေါင်း ရှင်းလင်းဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီခန့်တွင် ခရီးသွားယာဉ်ကြီး၊ ယာဉ်ငယ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment