Pages

Thursday, September 20, 2018

ရထားစီး ခရီးသည် ၁၅၉၃ ဦးနှင့် ရထားဝန်ထမ်း ၄ ဦးတို့ကို ရေတာရှည်နှင့် ဆွာဘူတာအကြား တပ်မတော်မှ မော်တော် ယာဉ်များဖြင့် ဆက်လက် ကူညီပို့ဆောင်၊ ရန်ကုန်- မန္တလေး အဆန်လမ်း ပြန်လည်ပြုပြင် ပြီးစီး






နေပြည်တော် ၂ဝ-၉-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး၊ ဆွာမြို့၊ ဆွာချောင်း ရေလှောင်တမံ၊ ရေလွှဲတံခါးကျိုးပေါက်ပြီး မီးရထားလမ်း ရေတိုက် စားမှုကြောင့် ပျက်စီးသွားသည့် ရထားလမ်းများအား ပြုပြင်လျက် ရှိသဖြင့် ရထားစီး ခရီးသည်များ အဆင်ပြေစွာ သွားလာနိုင်ရန် ရေတာရှည်နှင့် ဆွာဘူတာ အကြား၌ တပ်မတော်မှ City Bus မော်တော်ယာဉ် ၁၈စီးဖြင့် ပို့ဆောင် ပေးလျက်ရှိရာ ယနေ့တွင် ရထားစီး ခရီးသည် ၁၅၉၃ ဦးနှင့် ဝန်ထမ်း ၄၈ဦးတို့ကို ဆက်လက် ပို့ဆောင်ပေးသည်။ 

ထိုသို့ ပို့ဆောင်ပေးရာတွင် ယနေ့နံနက်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်- မန္တလေး အဆန်ရထား ခရီးစဉ် အမှတ်(၃)မှ ခရီးသည် ၅၂၇ ဦး၊ ရထားဝန်ထမ်း ၁၂ ဦး၊ မန္တလေး- ရန်ကုန် အစုန်ရထား ခရီးစဉ်အမှတ်(၄)မှ ခရီး သည် ၄၂၅ ဦး၊ ရထားဝန်ထမ်း ၁၂ဦးတို့ကို လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဆိုက်ရောက်သည့် ရန်ကုန်- မန္တလေး အဆန်ရထား ခရီးစဉ်အမှတ်(၁၁)မှ ခရီးသည် ၃၁၄ ဦး၊ ရထားဝန်ထမ်း ၁၂ ဦး၊ မန္တလေး-ရန်ကုန် အစုန်ရထား ခရီးစဉ် အမှတ်(၁၂)မှ ခရီးသည် ၃၂၇ ဦး၊ ရထားဝန်ထမ်း ၁၂ ဦးတို့ကိုလည်းကောင်း တပ်မတော်မှ မော်တော်ယာဉ် များဖြင့် ဆွာမြို့ဘူတာနှင့် ရေတာရှည်မြို့ ဘူတာတို့အကြား အပြန်အလှန်ပို့ဆောင်ပေး သည်။ 

ထိုသို့ဆောင်ရွက်ပေးနေမှုများကို တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ရထားလမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ရထား ကြေးနန်း မိုင်တိုင်အမှတ်၊ ၁၈၉/၁၉ နှင့် ၂၁ကြားရှိ တံတားအမှတ်၊ ၃ဝ၅ ပြုပြင်ပြီးစီးမှု အခြေအနေများကို မြန်မာ့ မီးရထားမှ တာဝန်ရှိ သူများနှင့်အတူ လိုက်လံ ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။

ရေတိုက်စားမှုကြောင့် ပျက်စီးသွားခဲ့သည့် ရထားလမ်းများ ပြန်လည်ကောင်းမွန်၍ ရထားခရီးစဉ်များ ပုံမှန်ပြန် လည် ပြေးဆွဲနိုင်ရေးအတွက် အမြန်ဆုံး ပြုပြင်လျက်ရှိရာ ရန်ကုန်- မန္တလေး အဆန်လမ်းမှာ ပြုပြင်ပြီး စီးပြီဖြစ်ပြီး ရထားစီးခရီးသည်များ ဘေးကင်း လုံခြုံရေး အတွက် ရထားစမ်းသပ် ခုတ်မောင်းခြင်းနှင့် ရထားလမ်း ကြံ့ခိုင်မှု အတွက် အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment