Pages

Thursday, September 20, 2018

မဲဆိုင်ချောင်းရေ မြင့်တက်မှုအား ကြည့်ရှု၊ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်




နေပြည်တော် ၂ဝ-၉-၂ဝ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့၌ စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် မဲဆိုင်ချောင်းရေ မြင့်တက်ကာ တာလော့ဈေး လမ်းမပေါ်နှင့် ရွှေနန်းတော် ကုန်တိုက် အတွင်းသို့ ရေများ ၆ လက်မခန့် ဝင်ရောက်ခဲ့သည်။

အဆိုပါချောင်းရေ မြင့်တက်မှုအား စက်တင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့ပြင် တာချီလိတ်မြို့နယ်၊ ဝှေလေလန် ကျေးရွာရှိ သံဃာတော်ငါးပါးနှင့် ဒေသခံ ပြည်သူ ၁၉၈ ဦးတို့အား တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ သွားရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေ ထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး ဟွေလင်လမ်းဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒသာရအား ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment